Main menu

ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင် ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊စစ်ကိုင်းတိုင်းဒေသကြီး၊  ရွှေဘိုခရိုင်အနေဖြင့် စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာလ(၅)ရက်နေ့၊ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် ရွှေဘိုမြို့၊ အမှတ် (၆)ရပ်ကွက်၊ တောင်တံခါးရှိ ကိုမျိုးချစ် ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်နှင့် (၁၅:၀၀)နာရီအချိန်တွင် ရွှေဘိုမြို့၊ အမှတ်(၁၀)ရပ်ကွက်၊ သရက်ခြံ(၄)လမ်းထိပ်ရှိ ပိုင်ပိုင်ချမ်းမြေ့ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်တို့အား စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ ခရိုင်သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲရေးတာဝန်ခံနှင့် ရွှေဘိုခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်း(၂)ဦး တို့ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့စစ်ဆေးရာတွင် ရွှေဘိုခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ စံမညီဆေးဝါးများ၊ တားမြစ် ဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချခြင်းမပြုရန် အသိပညာပေးဆွေးနွေးခြင်း၊  ရောင်းချမှု ရှိ/မရှိပူးပေါင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည့်အပြင် ဈေးကွက်စောင့်ကြည့်စစ်ဆေးသည့် ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များသည် အသစ်ဖွင့်လှစ်ရောင်းချသည့် အရောင်းဆိုင်များဖြစ်သဖြင့် လိုင်စင် အသစ်လျှောက်ထားရာတွင် လိုအပ်သည့်အချက်များ၊ လိုက်နာဆောင်ရွက်ရမည့်အချက်များစစ်ဆေးခြင်း၊ လိုအပ်ချက်များရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက စားသုံးသူရေးရာဦးစီးဌာနမှ ဆောင်ရွက်နေသည့် စားသုံးသူ ကာကွယ်ရေးလုပ်ငန်းများအကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွား နစ်နာဆုံးရှုံး မှုများရှိပါက တိုင်ကြားနိုင်သည့်အကြောင်းများ၊ တိုင်ကြားနိုင်သည့်သူ၊ တိုင်းကြားနိုင်သည့်နေရာများနှင့် စိစစ်ညှိနှိုင်းဖြေရှင်းပေးမှုအခြေအနေများကို  အကျေယ်တဝင့်ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ ကြပြီး စားသုံးသူကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ၍ ဆေးဈေးနှုန်းနှင့် လက်ကျန်အခြေအနေ များမေးမြန်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)