Main menu

  Olight M2R Pro warrior & warrior Mini  Flashlight (လက်ကိုင်ဓာတ်မီး/လက်စွဲမီးအိမ်)

Powered by Drupal
Mon, 10/17/2022 - 11:53 -- consumer_admin

ထုတ်ပြန်သည့်နေ့ရက်                    ၃၁.၇.၂၀၂၂

အမျိုးအစား                                 လူအသုံးအဆောင်ပစ္စည်း

ကုန်စည်                                      Olight M2R Pro warrior & warrior Mini  Flashlight (လက်ကိုင်ဓာတ်မီး/လက်စွဲမီးအိမ်)

ထုတ်လုပ်သူ၏အမည်                    Olight World, add: 5th floor, Building A2, Fuhai  information harbor.Bao’an district, Shenzhen, Guangdong, China

Model                                        M2R Pro warrior & warrior Mini

.ဆောင်ရွက်သည့်ပုံစံ

       မိမိသဘောဆန္ဒအလျောက်ပြန်လည်သိမ်းဆည်းခြင်း

အန္တရာယ်ဖြစ်စေသောအကြောင်းအရင်

        ပေါက်ကွဲစေတတ်ခြင်း

ဆောင်ရွက်ရသည့်အကြောင်းအရင်း

          Korea Consumer Agency  ( KCA ) ၏ တွေ့ရှိချက်အရ Olight မှ ထုတ်လုပ်သည့် M2R Pro Warrior နှင့် Warrior Mini ထုတ်ကုန်များသည် ယင်းတွင်တပ်ဆင်ထားသည့် အဖွင့်အပိတ်ခလုတ်များ အလိုအလျောက်ပွင့်စေနိုင်ပြီး  ထိုသို့ပွင့်စေခြင်းဖြင့် အပူချိန်လွန်ကဲ၍ပေါက်ကွဲနိုင်သည့် အန္တရာယ်များ ဖြစ်ပေါ်စေပါသည်။ KCA သည် ကိုရီးယား  (၂)ခုကို စမ်းသပ်ခဲ့ပြီး လျှပ်ကူးနိုင်သော သတ္တုများ (metal)နှင့် ထိတွေ့သည့်အခါ လော့ဒ်ဖွင့် ထားပါက( Lock mode on ) အဆိုပါ ထုတ်ကုန်များ၏ခလုတ်သည် အလိုအလျောက် ပွင့်သွားစေနိုင်ကြောင်းတွေ့ရှိခဲ့ရသည်။ ထုတ်လုပ်သူမှ ဖော်ပြထားသည့် သတင်းအချက်အလက်များအရ အဆိုပါ Olight ၏ M2R Pro Warrior နှင့် Warrior Mini ထုတ်ကုန်များသည် မှန်ကန်တိကျစွာ အသုံးပြုပါက စားသုံးသူအား အန္တရာယ်မဖြစ်နိုင်ပါကြောင်း၊ အတိ အကျအားဖြင့်   ကျောပိုးအိတ်၊ အိတ် သို့မဟုတ် အိတ်ကပ်များထဲတွင် သိမ်းဆည်းထားသည့်အခါတွင် အတော်တဆဖြစ်မှုအား ကာကွယ်ရန် အသုံးမပြုသည့် အခါ လော့ဒ်ပိတ်ထားရန်နှင့်  ( Lock mode off ) ခလုတ်ပိတ်ထားရန် လိုအပ်ပါသည်။ ထို့ကြောင့် စားသုံးသူများအနေဖြင့် ကုန်စည်အား အသုံးမပြုမီ သုံးစွဲသူလက်စွဲစာအုပ်အား သေချာစွာဖတ်ရှုရန် လိုအပ် ပါသည်။ အသုံးပြုရန် မလိုအပ်သည့်အခါ ပျက်စီးမှု (ပေါက်ကွဲမှု) မဖြစ်စေရန် သတ္တုပစ္စည်းများအနီးတွင် ဓာတ်မီးကို မထားသင့်ပါ။ ကုန်ပစ္စည်းနှင့်ပတ်သက်၍ စားသုံးသူများ ဘေးကင်းလုံခြုံ မှုရှိစေရန်အတွက် သုံးစွဲသူများအနေဖြင့် မိမိတို့ ဝယ်ယူထားသည့် ဓာတ်မီးသည် ထိခိုက်မှုရှိနိုင်သည့် ထုတ်ကုန်များ စာရင်းတွင်ပါဝင်မှု ရှိ၊ မရှိ သိလိုပါက Olight ထုတ်ကုန်များ ပြန်လည်ရောင်းချသူများထံ တိုက်ရိုက် ဆက်သွယ်နိုင်ကြောင်းနှင့် ဘေးကင်းလုံခြုံမှုရှိသည့် အခြား ထုတ်ကုန်များနှင့် အစားထိုးကာ ပြန်လည်၍လည်း လဲလှယ်ခွင့်ရှိကြောင်းဖော်ပြထားပါသည်။

 

အသိပေးထုတ်ပြန်သည့်နိုင်ငံ                     ဗီယက်နမ်နိုင်ငံ