
ရှမ်းပြည်နယ်စားသုံးသူရေးရာကော်မတီ(၄/၂၀၂၅)အစည်းအဝေးကို၂၀၂၅ခုနှစ်၊အောက်တို ဘာလ(၃)ရက်၊ သောကြာနေ့၊ နေ့လယ်(၁၄:၀၀)နာရီအချိန်၌ စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည် နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတွင် ရှမ်းပြည်နယ်စားသုံးသူရေးရာကော်မတီ ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရ အဖွဲ့၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ ရှမ်းပြည်နယ်စားသုံးသူရေးရာကော်မတီ အဖွဲ့ဝင်များနှင့် တောင်ကြီးခရိုင် စားသုံးသူရေးရာကော်မတီအဖွဲ့ဝင်များမှ လူကိုယ်တိုင်တက်ရောက် ခဲ့ကြပြီး အခြားဖိတ်ကြားထားသော ခရိုင်စားသုံးသူရေးရာကော်မတီအဖွဲ့ဝင်များ၊ ရှမ်းပြည်နယ် စားသုံးသူရေးရာဦးစီးဌာမှ ဒုတိယပြည်နယ်ဦးစီးမှူးများနှင့် ပင်းတယဒေသဦးစီးမှူးရုံးတို့မှVirtual စနစ်ဖြင့် တက်ရောက်၍ ကော်မတီဥက္ကဋ္ဌမှ အဖွင့်အမှာစကားနှင့် လမ်းညွှန်ချက်များပြေားကြားခဲ့ပြီး စားသုံးသူရေးရာကော်မတီအတွင်းရေးမှူး ဦးရွှေဖြူက စားသုံးသူကာကွယ်ရေးလုပ်ငန်းဆောင်ရွက် နေမှုအခြေအနေများအား အမှာစာများဖြင့်ရှင်းလင်းတင်ပြခဲ့ပါသည်။
(၄/၂၀၂၅)အမှာစာများအား ဖတ်ကြားရှင်းလင်းခဲ့မှုအပေါ် ရှမ်းပြည်နယ်စားသုံးသူရေးရာ ကော်မတီမှ ကွင်းဆင်းစစ်ဆေးရာတွင် ဓါတ်ပုံမှတ်တမ်းများထားရှိရေးနှင့် ဒုတိယပြည်နယ်ဦးစီးမှူးရုံး (လားရှိုး)အနေဖြင့် လျာထားချက်တွင်ပါဝင်မှုမရှိသော်လည်း လစဉ် အသိပညာပေးဟောပြော ဆွေးနွေးပွဲ(၁)ကြိမ်၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း(၄)ကြိမ်၊ စီးပွားရေးလုပ်ငန်းရှင်တွေ့ဆုံမှု (၁)ကြိမ်တို့အား ဆောင်ရွက်သွားရန်နှင့်် စားသုံးသူရေးရာကော်မတီ ဖွဲ့စည်းရခြင်းမရှိသေးသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသများတွင် ဖွဲ့စည်းနိုင်ရေး ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ပြီး တက်ရောက်လာကြတဲ့ ကော်မတီအဖွဲ့ဝင်များက အမှာစာများအား အတည်ပြုမှတ်တမ်းတင်ခြင်း၊ ဆွေးနွေးအကြံပြုခြင်း၊ ဆွေးနွေးဆုံးဖြတ်ခြင်း၊ ရှေ့လုပ်ငန်းစဉ်များကို ဝိုင်းဝန်းဆွေးနွေး ညှိနှိုင်း ဆောင်ရွက်ခြင်းတို့ကို ပြုလုပ်ခဲ့ကြပြီး အစည်းအဝေးကို (၁၅:၄၅)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရှမ်း)
