Main menu

ဓနုဖြူမြို့နယ် ဆန်စက်လုပ်ငန်းရှင်အသင်း ဒု-ဥက္ကဌနှင့်တွေ့ဆုံ၍ ဆန်စက်လုပ်ငန်းနှင့် အသင်းအဖွဲ့ ရှင်သန်စေရေး တွေ့ဆုံဆွေးနွေး

Powered by Drupal

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးနှင့် ဝန်ထမ်းများသည် (၇.၁၀.၂၀၂၂) နေ့တွင် (၁၀:၃၀)နာရီအချိန်တွင် ဓနုဖြူမြို့နယ် ဆန်စက်လုပ်ငန်းရှင်အသင်း ဒု-ဥက္ကဌနှင့် တွေ့ဆုံ၍ ဆန်စက်လုပ်ငန်းဖွံ့ဖြိုးရေးနှင့် အသင်းအဖွဲ့ရှင်သန်ရေးအတွက် တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ခဲ့ကြပါသည်။

      စားသုံးသူရေးရာဦးစီးဌာန ဓနုဖြူမြို့နယ်ဦးစီးမှူးသည် ဓနုဖြူမြို့နယ် ဆန်စက် လုပ်ငန်းရှင်အသင်း ဒု-ဥက္ကဌ ဦးမျိုးဆက်နှင့် သွားရောက်တွေဆုံ၍ ဆန်စပါး ဈေးကွက် ဈေးနှုန်း အခြေအနေ၊ ဆန်စက်ကြိတ်ခွဲထုတ်လုပ်မှုလုပ်ငန်း ခေတ်မီတိုးတက်စေရေး၊ ဆန်စက်လုပ်ငန်းရှင်များ စည်းလုံးညီညွတ်မှသာ စိုက်ပျိုးထုတ်လုပ်သူများ ကုန်ထုတ်စွမ်းအား မြင့်မားတိုးတက်မည်ဖြစ်ကြောင်း၊ သိုမှသာ ဆန်နှင့်ဆန်ထွက်ပစ္စည်းများ ဈေးကွက်ဝင်အရည်အသွေး မြင်မားတိုးတက်မည်ဖြစ်ကြောင်း၊ ဆန်စက်လုပ်ငန်းရှင်အသင်းအဖွဲ့၊ အစုအဖွဲ့များ ရှင်သန် ပိုမိုအားကောင်းလာလျှင် ဆန်စက်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ပြီး  ဆန်စက်ကြိုတ်ခွဲမှု အရည် အသွေးနှင့် အထွက်နှုန်းကောင်းမွန်သော ဆန်စက်များပေါ် ပေါက်လာမည်ဖြစ်ကြောင်း၊ ဌာနအနေဖြင့်လည်း ဒေသထွက်ကုန်များနှင့်ပတ်သက်၍ ဈေးကွက်ရရှိရေး မိတ်ဖက်ဌာနများနှင့် ချိတ်ဆက် ဆောင်ရွက်ပေးလျှက်ရှိသောကြောင့် ကောင်းမွန်သောအကျိုးရလာဒ်ကို စားသုံးသူ ပြည်သူများသာမက လုပ်ငန်းရှင်များပါ အကျိုးခံစားနိုင်မည်ဖြစ်ကြောင်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)