Main menu

စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးရှိ အစည်းအဝေးခန်းမ၌ Thursday Talk ပြုလုပ်

Powered by Drupal

       စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်း‌ဒေသကြီးဦးစီးမှူးရုံးအ‌နေဖြင့်  ဝန်ထမ်းများ အသိပညာဗဟုသုတရရှိစေရန်နှင့် စွမ်းဆောင်ရည်မြင့်မားစေရန် ရည်ရွယ်၍ Thursday talk ကို  (၂)ပတ် တစ်ကြိမ် ပြုလုပ်လျက်ရှိပါသည်။

   ၆-၁၀-၂၀၂၂ရက်နေ့တွင် ကျင်းပသည့် Thursday Talk အခမ်းအနား၌ ဒုတိယ-ညွှန်ကြားရေးမှူး ဦးဝေဖြိုးထက်က ဌာနမှ ဆောင်ရွက်လျက်ရှိသော အရည်အသွေးဆိုင်ရာလုပ်ငန်းများခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားခဲ့ပါသည်။ ဆွေးနွေးပြောကြားရာတွင် အမျိုးသားအရည်အသွေး အဆောက်အအုံ၏ အဓိပ္ပါယ်၊ ပါဝင်သောအစိတ်အပိုင်းများ၊ ချိတ်ဆက်ဆောင်ရွက်မှုများ၊ အမျိုးသားစံချိန်စံညွှန်းကောင်စီနှင့် ဆပ်ကော်မတီများ၏လုပ်ငန်းချိတ်ဆက် ဆောင်ရွက်ပုံ၊ စိုက်ပျိုးရေးအခြေခံထုတ်ကုန်စံချိန်စံညွှန်း ရေးဆွဲရေးနည်းပညာဆပ်ကော်မတီ၏  ဖွဲ့စည်းပုံနှင့် လုပ်ငန်းဆောင်ရွက်ချက်များ၊ ထုတ်ပြန်ပြီး စိုက်ပျိုးရေးအခြေခံ စံချိန်စံညွှန်းများအကြောင်း၊ Standard Specification Technical Regulation တို့၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ အကျိုးသက်ရောက်မှုများ၊ ဌာနမှ ‌ဆောင်ရွက်လျက်ရှိသည့်  Technical Regulation များ၊ ကုန်ပစ္စည်း စမ်းသပ်စစ်ဆေးရေးနှင့် အရည် အသွေးစီမံခန့်ခွဲမှုဌာနစု (CTQM) ရှိ ဓာတ်ခွဲခန်းများအကြောင်းနှင့် ဓာတ်ခွဲစမ်းသပ်မှုများ၊ ပို့ကုန် အရည်အသွေး စီမံခန့်ခွဲရေးဆိုင်ရာကိစ္စရပ်များ၊ ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေးဆိုင်ရာလုပ်ငန်းများ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ အရည်အသွေးဆိုင်ရာ ပြဌာန်းချက်များအကြောင်း အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသည့် ဝန်ထမ်းများ၏ သိရှိလိုသည့်မေးမြန်းချက်များအပေါ် ပြန်လည်ဆွေးနွေးဖြေကြားပေးခဲ့ကြောင်း သိရသည်။ အဆိုပါ အခမ်းအနား၌ ဝန်ထမ်းအင်အား ( ၃၇) ဦးခန့်တက်ရောက်ခဲ့ပြီး နေ့လယ် (၂း၄၅)အချိန်တွင် အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)