Main menu

လက်လီ/လက်ကား ကုန်စုံဆိုင်များသို့ ‌ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

         ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးဘောမ်ဇုန်းသည် ၁၂.၁၀.၂၀၂၂ရက်နေ့ နံနက်၁၀:၀၀နာရီအချိန်တွင် ဝိုင်းမော်မြို့နယ်၊အောင်မြေ(၁)ကျေးရွာရှိ လက်လီ/ လက်ကားရောင်းချနေသောကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

        ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင်လက်လီ/လက်ကားရောင်းချနေသောကုန်စုံဆိုင်များတွင်စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်း၍ လုံခြုံစိတ်ချရမှုရှိစေရန်အတွက် ကုန်အညွန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ သတင်းအချက်အလက်ပြည့်စုံမှန်ကန်မှု ရှိ မရှိ၊ သက်တမ်းလွန်ကုန်ပစ္စည်းများ ဈေးကွက်အတွင်းရောင်းချမှု ရှိ မရှိ၊ သက်ဆိုင်ရာဌာနများ၏ သတ်မှတ်ထောက်ခံချက်များ ပါဝင်မှု ရှိ/မရှိတို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ပါသည်။

DOCA(ကချင်)