Main menu

စက်သုံးဆီအရောင်းဆိုင်လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

Powered by Drupal

      မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၁၂.၁၀.၂၀၂၂ ရက်နေ့တွင် မော်လမြိုင်မြို့နယ်၊ ကြာအင်းကျေးရွာရှိ “မင်းသန့်” စက်သုံးဆီအရောင်းဆိုင် လုပ်ငန်းရှင်နှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။

    ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ဆီဆိုင်အနေဖြင့် စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ နေ့စဉ်သတ်မှတ်ထုတ်ပြန်ပေးသည့် ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချစေရေး၊ အချိန်အတွယ်နှင့် အလေးချိန် မှန်ကန်မှုရှိစေရေး ဆောင်ရွက်သွားရန်၊ စားသုံးသူ ကာကွယ်ရေးဥပဒေပါ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားထိခိုက်နစ်နာမှုများရှိပါက တိုင်ကြားနိုင်သည့် အကြောင်းအရာများအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)