Main menu

ဆန်စက်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

Powered by Drupal

        မွန်ပြည်နယ်၊စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၁၂.၁၀.၂၀၂၂ ရက်နေ့တွင် မော်လမြိုင်စက်မှုဇုန်ရှိ “အောင်သုခ” ဆန်စက် လုပ်ငန်းရှင်နှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။

      ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် စပါးဝယ်ယူမှုအခြေအနေ၊ စပါးဈေးနှုန်းများ၊ တစ်နေ့ကြိတ်ခွဲ နိုင်မှု အခြေအနေများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ရာ စပါးများကို မွန်၊ ကရင်၊ ပဲခူး တို့မှ ဝယ်ယူရရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် (၄၆) ပေါင်ကိုက် တင်း (၁၀၀) လျှင် ကျပ် (၁၃၀၀၀၀၀) ဖြင့် ဝယ်ယူရကြောင်း၊ စပါး အမျိုးအစားများမှာ ဆင်းသုခ၊ မှော်ဘီ-၁၊ မှော်ဘီ-၂ မျိုးများဖြစ်ကြောင်း၊ တစ်နေ့လျှင် စပါး တင်း (၈၀၀) ခန့် ကြိတ်ခွဲကြောင်း၊ ကုန်ချောများကို မွန်၊ ရန်ကုန်၊ ပဲခူး တို့သို့ တင်ပို့ရောင်းချကြောင်း၊ ဆန်ဈေးနှုန်းမှာ (၂၄) ပြည်တစ်အိတ်လျှင် ကျပ်( ၄၀၀၀၀) ဝန်းကျင်ရှိကြောင်း သိရှိရသည်။

        ထို့နောက် စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်မြို့နယ်တာဝန်ခံမှ စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်စည်နှင့် ဝန်ဆောင်မှုများနှင့်ပတ်သက်၍ အာမခံချက်ပေးခြင်း၊ ကုန်စည်/ဝန်ဆောင်မှုနှင့်ပတ်သက်၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများ၊ တိုင်ကြားနိုင်သည့်အကြောင်းအရာများအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)