Main menu

သာပေါင်းမြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်အားကွင်းဆင်းစစ်ဆေး

Powered by Drupal

        ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တာဝန်ခံသည် မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ထွေအုပ်အဖွဲ့နှင့်ပူးပေါင်း၍ အောက်တိုဘာလ(၁၂)ရက် နံနက် (၁၀:၀၀) နာရီအချိန်တွင် သာပေါင်းမြို့နယ်၊ လှေကြီးတက်ကျေးရွာရှိ မိဘမေတ္တာ စက်သုံးဆီအရောင်းဆိုင်သို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် စက်သုံးဆီနှင့်ပတ်သက်၍ သတ်မှတ်ထားသောဈေးနှုန်းနှင့် ရောင်းချခြင်းရှိစေရန်၊ အချိန်အတွယ်မှန်ကန်မှုရှိစေရန် စသည်တို့အားစစ်ဆေးဆောင်ရွက်ခဲ့ပြီး စားသုံးသူများ နစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)