Main menu

ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်ရှိ ဆန်စက်သို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေနှင့် စားသုံးသူပြည်သူများအကျိုးကို မျှော်မှန်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို အမြဲမပြတ်ဆောင်ရွက်လျှက်ရှိရာ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်မှ မြို့နယ်တာဝန်ခံ ဦးထွန်းမင်းလတ်နှင့် ဝန်ထမ်းများသည် (၁၃.၁၀.၂၀၂၂) ရက်နေ့၊ နံနက်(၁၀)နာရီတွင် သာပေါင်းမြို့နယ်အတွင်းရှိ နေယုဆန်စက်သို့သွားရောက်၍ ကွင်းဆင်းမေးမြန်း ဆောင်ရွက် ခဲ့ပါသည်။

       ကွင်းဆင်းစစ်ဆေးမေးမြန်းရာတွင် ထုတ်လုပ်နိုင်မှု၊ စပါးဆန်ဈေးနှုန်း ဈေးကွက်အခြေအနေတို့ကို ဆွေးနွေးခဲ့ပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှစေရေးအတွက် အသိပညာပေးဟောပြော ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)