နေပြည်တော်၊ ၁၈-၁၀-၂၀၂၂
အမျိုးသားအဆင့်ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးကော်မတီအောက်ရှိ အထောက်အကူပြု လုပ်ငန်းအဖွဲ့ (၄) ဖွဲ့အနက် လုပ်ငန်းအဖွဲ့ (၄)၊ စမ်းသပ်စစ်ဆေးမှုဆိုင်ရာ လုပ်ငန်းများအကောင် အထည်ဖော်ရေးအဖွဲ့ကို စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က ဥက္ကဋ္ဌအဖြစ် ဦးဆောင် ၍ အဖွဲ့ဝင် (၁၂) ဦးဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါလုပ်ငန်းအဖွဲ့ (၄) ၏ (၃/၂၀၂၂) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၁၈-၁၀-၂၀၂၂ ရက်နေ့၊ နေ့လယ် ၂:၀၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရုံးအမှတ် (၅၂) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ စားသုံးသူရေးရာဦးစီး ဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ အဖွဲ့ဝင်များဖြစ်သည့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန မှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အကောက်ခွန်ဦးစီးဌာန၊ ဥပဒေအကြံဉာဏ်ပေးရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါအစည်းအဝေးတွင် လုပ်ငန်းအဖွဲ့(၄)၊ စမ်းသပ်စစ်ဆေးမှုဆိုင်ရာလုပ်ငန်းများ အကောင် အထည်ဖော်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က လုပ်ငန်းအဖွဲ့ (၄) အနေဖြင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး သဘောတူစာချုပ် (Trade Facilitation Agreement) ပါ Article 5.1: Notification for Enhanced Controls or Inspection နှင့် Article 5.3: Test Procedures တို့ကို အဓိကအကောင်ထည်ဖော်ဆောင်ရွက်သွားရမည်ဖြစ်ရာ Article 5.1 နှင့် 5.3 တို့ နှင့်ပတ်သက်၍ သက်ဆိုင်ရာ Competent Authority အလိုက် ထုတ်ပြန်ထားသည့် အမိန့်ကြော်ငြာ စာ (Notification) များ၊ လမ်းညွှန်ချက် (Guideline) များအား စုစည်းတင်ပြသွားရန်၊ သွင်းကုန် ကြေညာလွှာတင်သွင်းထားသည့် ကုန်ပစ္စည်းနမူနာ၏ ပထမအကြိမ်စမ်းသပ်စစ်ဆေးမှု ရလဒ်သည် ကွဲလွဲမှုရှိနေပါက ကုန်ပစ္စည်းတင်သွင်းသူအနေဖြင့် ဒုတိယအကြိမ်စမ်းသပ်စစ်ဆေးမှုကို တောင်းခံ နိုင်ရေးအတွက် ခွင့်ပြုနိုင်သည့် လုပ်ထုံးလုပ်နည်း သို့မဟုတ် အမိန့်ညွှန်ကြားချက်များကို သတ်မှတ် ထုတ်ပြန်နိုင်ရေး ဆောင်ရွက်သွားရန်နှင့် ဒုတိယအကြိမ်စမ်းသပ်စစ်ဆေးရန် ခွင့်ပြုလိုက်မည်ဆိုပါက ဒုတိယအကြိမ်စစ်ဆေးနိုင်မည့် ISO/IEC 17025 လက်မှတ်ရ နိုင်ငံတွင်း၊ ဒေသတွင်း သို့မဟုတ် အပြည် ပြည်ဆိုင်ရာ ဓာတ်ခွဲခန်းများ၏ အမည်များနှင့် လိပ်စာများကို တရားဝင် ထုတ်ပြန်ကြေညာနိုင်ရေး ဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ပြီး လုပ်ငန်းအဖွဲ့ (၄) အတွင်းရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးက လုပ်ငန်းအဖွဲ့(၄)၏ လက်ရှိဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို PowerPoint ဖြင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး ဆွေးနွေးတင်ပြချက်များအပေါ် အစည်းအဝေးသို့ တက်ရောက်လာကြသည့် လုပ်ငန်းအဖွဲ့ (၄) အဖွဲ့ဝင်များမှ ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြကြောင်း သတင်းရှိရပါသည်။
ITQM, DOCA