စားသုံးသူရေးရာဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိဦးဇေယျာအောင်သည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့ တို့ဖြင့်ပူးပေါင်း၍ 14.10.2022 ရက်နေ့တွင် မြစ်ကြီးနားမြို့အတွင်းရှိ ကုန်စုံဆိုင်(၁၀)ဆိုင်အား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ စားသုံးရန်မသင့်သော အစားအသာက်နှင့်ပတ်သက်၍ အများပြည်သူသိရှိစေရန် အသိပေးကြေငြာချက်အရ အင်ဒိုနီးရှားနိုင်ငံထုတ် Mie Sedaap အမှတ်တံဆိပ်ပါ အစားအသောက်များသည် Ethylene Oxide သတ်မှတ်ပမာဏထက် ပိုမိုပါဝင်နေသဖြင့် စားသုံးသူပြည်သူများစားသုံးမိပါက ချက်ချင်းအန္တရာယ် မဖြစ်နိုင်သော်လည်း ရေရှည်စားသုံးမိပါက ကျန်းမာရေးထိခိုက်နိုင်မှုရှိသော ဘေးအန္တရာယ်ရှိသည့် စားသောက်ကုန်ဖြစ်၍ ဈေးကွက်အတွင်းရောင်းချခြင်း ရှိမရှိနှင့် ရောင်းချဖြန့်ဖြူးမှုအား စစ်ဆေး တွေ့ရှိပါက ဈေးကွက်အတွင်းမှ ဖယ်ရှားသိမ်းဆည်းနိုင်ရေးအတွက် ပူးပေါင်းအဖွဲ့များဖြင့် ကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
DOCA(ကချင်)