Main menu

အိမ်တွင်းအသေးစားအလတ်စားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးကွင်းဆင်းဆောင်ရွက်

Powered by Drupal

            ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ ဖျာပုံတိုင်းဦးစီမှူးနှင့်မြို့နယ်တာဝန်ခံတို့သည် ၁၄.၁၀.၂၀၂၂ ရက်နေ့တွင်ဖျာပုံမြို့နယ်ရှိ အိမ်တွင်းတစ်ပိုင်တစ်နိုင် အသေးစားအလတ်စား လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး၊ ထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်ရေးနှင့် ဈေးကွက််ပိုမိုရရှိနိုင်ရေးအတွက် မုန့်မျိုးစုံထုတ်လုပ်လျက်ရှိသော လုပ်ငန်းများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြပါသည်။

          ထိုသို့ကွင်းဆင်းဆောင််ရွက်ရာတွင် အမှတ်(၁၉)ရပ်ကွက်ရှိ မေ့မရ အမှတ်တံဆိပ်ဖြင့်ထုတ် လုပ်နေသော မုန့်မျိုးစုံလုပ်ငန်းတွင် ယခင်ကထုတ်လုပ်မှု၌ လုပ်သားများဖြင့် ပြုလုပ်ခဲ့ပြီး ယခုအခါ မုန့်ထုပ်ပိုးမှု၊ အမှတ်တံဆိပ်ရိုက်နှိပ်မှုများတွင် စက်ကရိယာတပ်ဆင်၍ ပိုမိုထုတ်လုပ်လျက်ရှိကာ ဈေးကွက်တွင်ကျယ်မှုရှိပြီး စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်နှင့်အညီ ကုန်အညွှန်းအမှတ် အသားဖော်ပြချက်တွင်လည်းကိုက်ညီမှုရှိသဖြင့် ခရိုင််ဦးစီးမှူးက စွန့်ပစ်ပစ္စည်းများ စနစ်တကျစွန့် ပစ်ရေး သန့်ရှင်းသပ်ယက်မှုရှိစေရေးနှင့် စီးပွားရေးလုပ်ငန်းရှင်၏ လိုက်နာရမည် တာဝန်များအား လိုက်နာဆောင်ရွက်ရေးတို့ကို အသိပညာပေးဆောင်ရွက်ခဲ့ပြီး လိုအပ်ချက်များမေးမြန်းခါ မြေကိုယ် ပိုင်ရှိသည့်အတွက် လုပ်ငန်းတိုးချဲ့ ဆောင်ရွက်နိုင်ရန် လိုအပ်ချက်ဖြစ်သော အရင်းအနှီးနှင့် နည်းပညာများ ရရှိနိုင်ရေးအတွက် တင်ပြဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် သက်ဆိုင်ရာဌာန များနှင့် ချိတ်ဆက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်ဟုသတင်းရရှိပါသည်။

DOCA(ဧရာဝတီ)