ဧရာဝတီတိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာန၊ ပန်းတနော်မြို့နယ်တာဝန်ရှိသူများနှင့် ဝန်ထမ်းများသည် (၁၄.၁၀.၂၀၂၂)နေ့တွင် (၁၀:၀၀)နာရီအချိန်တွင် ပန်းတနော်မြို့ပေါ် အရှေ့ပိုင်းရပ်ကွက် ဖြိုးသင်ဖျာလုပ်ငန်းသို့ သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြပါသည်။
သင်ဖျာလုပ်ငန်းသို့ကွင်းဆင်းရာတွင် ပန်းတနော်ဖြိုးသင်ဖျာရောင်းဝယ်သူ လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ သင်ဖျာရောင်းဝယ်မှု အခြေအနေ၊ သင်ဖျာကုန်ကြမ်းရရှိမှုအခြေအနေ၊ သင်ဖျာယက်လုပ်ရာတွင် လုပ်သား (၁၂)ဦးနှင့် လုပ်ကိုင်ဆောင်ရွက်ပြီး သင်ဖျာအနားချုပ်ခြင်း လုပ်ကိုင်ဆောင်ရွက်မှု အခြေအနေများကို လေ့လာခဲ့ပါသည်။ ဆက်လက်၍ သင်ဖျာတစ်ယောက်အိပ် အကြမ်းလေးတောင်ဖျာ တစ်ချပ်လျှင် ၁၀၅၀၀ကျပ် ဖြင့်ရောင်းချပြီး၊ လေးတောင်သင်ဖျာအချော တစ်ချပ်လျှင် ၁၅၀၀၀ကျပ်၊ သုံးထောင့်ထွာ အကြမ်းဖျာတစ်ချပ်လျှင် ၉၅၀၀ ကျပ်ဖြင့်လည်းကောင်း၊ ကုတင်ခင်းနှစ်ယောက်အိပ် ဖျာတစ်ချက်လျှင် ၂၉၀၀၀ကျပ်၊ တရားထိုင် နှစ်ပေဖျာတစ်ချပ်လျှင် ၃၅၀၀ ကျပ်ဖြင့် ရောင်းချလျှက်ရှိကြောင်း သိရှိရပြီး၊ လုပ်ငန်းရှင် များအနေဖြင့် နည်းပညာပံပိုးမှုများလိုအပ်ပါက ဌာနများဖြင့် ချိတ်ဆက်ဆောင်ရွက်ပေးမည် ဖြစ်ကြောင်းနှင့်မိသားစုတပိုင်တနိုင်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်မှဆယ်နှစ်ရာသီ ယက်လုပ်ရသော လုပ်ငန်းဖြစ်သည့်အတွက် အပိုဝင်ငွေရရှိပြီး မိမိတို့ထုတ်လုပ်သော ကုန်စည်များ အရည်အသွေးမြင့်မားစေရေးနှင့် လုပ်ငန်းရှင်တို့၏ လိုက်နာရမည်တာဝန်များ၊ တားမြစ်ချက်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံချက်ပေးနိုင်သည့် အချက်များ၊ ပြစ်မှု၊ ပြစ်ဒဏ် များအကြောင်းကို ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
(DOCA)ဧရာဝတီ