Main menu

စားသုံးသူကာကွယ်ရေး ပြည်သူအသိပညာပေး

Powered by Drupal

            ဧရာဝတီတိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ဦးစီးမှူး ဦးအောင်လွင်နှင့်ဝန်ထမ်းများသည် (၁၄.၁၀.၂၀၂၂)နေ့တွင် (၁၀:၀၀)နာရီ အချိန်တွင် ညောင်တုန်းမြို့ ရန်ကင်းဆိုင်ရာရွာမ ဘုန်းကြီးကျောင်းတွင် ကျေးရွာပြည်သူ (၁၀၀)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ပါသည်။

           အဆိုပါဟောပြောပွဲတွင် ရန်ကင်းစံရာကျေးရွာပြည်သူနှင့် ကွမ်းသီးပင်ကျေးရွာ ပြည်သူများအား စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးမှ စားသုံးသူကာကွယ်ရေး ဥပဒေ(၂၀၁၉)ပါ ဥပဒေ အကြောင်းများ၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ဦးစီးဌာန၏လုပ်ပိုင်ခွင့်နှင့် လုပ်ငန်းတာဝန်များ၊ စစ်ဆေးရေးအရာရှိ၏ လုပ်ငန်းတာဝန်များ၊ စားသုံးသူရေးရာ ကော်မတီဖွဲ့စည်းခြင်းအကြောင်း၊ ကုန်စည်ဝန်ဆောင်မှုကို စားသုံးသူများမှရွေးချယ်ဝယ်ယူရာတွင် အာမခံချက်နှင့်စပ်လျဉ်း၍ စားသုံးသူက တောင်းဆိုနိုင်သည့်အခွင့်အရေး၊ စားသုံးသူအခွင့်အရေး နစ်နာဆုံးရှုံးမှု ရှိလာပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်သည့် နည်းလမ်းများအကြောင်းကို ရှင်းလင်း ဟောပြောဆွေးနွေးခဲ့ပြီး ဟောပြောပွဲတက်ရောက်သူ ပြည်သူများမှ သိရှိလိုသည် များကိုမေးမြန်းကြပြီး ညောင်တုန်းမြို့နယ်ဦးစီးမှူးမှ ပြန်လည်ရှင်းလင်းခဲ့ကြောင်း သတင်း ရရှိပါသည်။

(DOCA)ဧရာဝတီ