Main menu

စားသုံးသူရေးရာဦးစီးဌာန စစ်ကိုင်းတိုင်း‌‌ဒေသကြီးဦးစီးမှူးရုံးတွင် အခြေခံကွန်ပျူတာသင်တန်းဖွင့်လှစ်

Powered by Drupal

         စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးအနေဖြင့် Digital Ministry အဖြစ် အကောင်အထည် ဖော်ဆောင်ရွက်ရန် ရည်မှန်ချက်ထား ဆောင်ရွက်လျက်ရှိရာ ဌာနတွင် တာဝန်ထမ်းဆောင်လျက် ရှိသော ဝန်ထမ်းများအနေဖြင့် လုပ်ငန်းကျွမ်းကျင်မှု (Technical Skill) ရှိရမည်အပြင် နည်းပညာဆိုင်ရာ ကျွမ်းကျင်မှု (Digital Skill) ရှိရန်လည်လိုအပ်ပါသည်။ စားသုံးသူရေးရာဦးစီးဌာန စစ်ကိုင်းတိုင်း ဒေသကြီးဦးစီးမှူးရုံးအနေဖြင့် ဌာနတွင်တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများအား လုပ်ငန်း ကျွမ်းကျင်မှုနှင့် နည်းပညာဆိုင်ရာကျွမ်းကျင်မှုရှိစေရန်ရည်ရွယ်၍ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းများ၊ နည်းပညာဆိုင်ရာသင်တန်းများကို အခါအားလျော်စွာ ဆောင်ရွက်ပေးလျက်ရှိပါသည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးရုံး၏ အခြေခံကွန်ပျူတာ သင်တန်းကို (၁၁.၁၀.၂၀၂၂) မှ (၁၅.၁၀.၂၀၂၂) နေ့ထိ (၅)ရက် ဖွင့်လှစ်သင်ကြားပို့ချခဲ့ပါသည်။

       သင်တန်းဖွင့်ပွဲအခမ်းအနား၌ တိုင်း‌ဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင်က အဖွင့်အမှာစကား ပြောကြားရာတွင် ဝန်ထမ်းတိုင်းသည် အခြေခံကွန်ပျူတာအသုံးပြုခြင်း သင်ခန်းစာများကိုတတ်မြောက် ထားရန်လိုအပ်ပါကြောင်း၊ ဌာနမှ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများကို အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် နည်းပညာဆိုင်ရာကျွမ်းကျင်မှုသည် အရေးကြီးပါကြောင်း၊ ယခု သင်တန်းသည် အခြေခံကွန်ပျူတာသင်တန်းဖြစ်ပါကြောင်း၊ အဆင့်မြင့်မွမ်းမံသင်တန်းများကိုလည်း အခါအားလျော်စွာ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းနှင့် သင်ခန်းစာများကို သေချာဂရုစိုက်၍ မှတ်သားသင်ယူ လေ့ကျင့်စေလိုကြောင်း ပြောကြားခဲ့ပါသည်။

      သင်တန်းတွင် ဒုတိယညွှန်ကြားရေးမှူးဦးဝေဖြိုးထက်နှင့် ဒုတိယဦးစီးမှူးဒေါ်ခင်ထားရည်တို့က ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ၏ အခြေခံသဘောတရားနှင့် ချိတ်ဆက်ပုံနည်းလမ်းများ၊ ပြည်ထောင်စုလက်ကွက်အား ကျွမ်းကျင်စွာစာစီစာရိုက်ပုံ သင်ခန်းစာများ၊ Microsoft Word အသုံးပြု၍ ရုံးစာအမျိုးမျိုးကို စနစ်တကျ စာစီစာရိုက်နည်းသင်ခန်းစာများ၊ Microsoft Excel အသုံးပြု၍ စာရင်းဇယားဆောင်ရွက်ခြင်းသင်ခန်းစာများ၊ Power Point အသုံးပြု၍ စနစ်ကျ သေသပ်သော Presentation ဆောင်ရွက်ခြင်းသင်ခန်းစာများ၊ E-mail Account ဖွင့်လှစ် အသုံးပြုခြင်း ဆိုင်ရာသင်ခန်းစာများ၊ Zoom Application အသုံးပြု၍ Virtual Meeting ချိတ်ဆက်ဆောင်ရွက်ခြင်း သင်ခန်းစာများကို သင်ကြားပို့ချပေးခဲ့ရာ သင်တန်းသားဝန်ထမ်း (၃၀)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)