Main menu

ကံမမြို့ပေါ်ရှိ စားသုံးသူများ ဘေးကင်းလုံခြုံမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး ၊ တိုင်းဒေသကြီး ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ကံမမြို့နယ်အတွင်း ဈေးကွက်များတွင် ဖြန့်ဖြူးရောင်းချလျက်ရှိသော ကုန်စည်များအား ဘေးကင်းလုံခြုံစိတ်ချမှုရှိစေရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိရာ (၁၄.၁၀.၂၀၂၂) ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်တွင် သရက်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့်ကံမမြို့နယ်တာဝန်ခံသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ရက်ကွက် အုပ်ချုပ်ရေးမှူး  ပါဝင်သောအဖွဲ့ဖြင့်ပူးပေါင်း၍ ကံမမြို့နယ်စည်ပင်သာယာဈေးနှင့် ရက်ကွက်များအတွင်း မကွေးတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွက်ကဲရေးဦးစီးဌာနမှ စားသုံးရန်မသင့် ထုတ်ပြန်ထား သည့် စားသောက်ကုန်(၂)မျိုးအား ဈေးကွက်အတွင်းရောင်းချနေမှု ရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကုန်စုံဆိုင်ပိုင်ရှင်များအား စားသုံးရန်မသင့်ထုတ်ပြန် ထားသည့် စားသောက်ကုန်(၂)မျိုးအား ရောင်းချမှုမရှိစေရေး ၊ စားသုံးသူကာကွယ်ရေး ဥပဒေ၊ အခန်း(၁၉)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်းကြားချက်(၂/၂၀၁၉)အရ ကုန်စည်အုပ်စု(၈)ခုတွင်ပါရှိရမည့် အချက်အလက်များပြည်စုံသည့် ပစ္စည်းများသာရောင်းချရန် ၊ ကုန်စည်များနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ပြဌာန်းချက်များ၊ ပုဒ်မ(၄၁)၊ပုဒ်မခွဲ(ခ)နှင့် (ဆ)ပါအချက်များ မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု(သို့) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြထားသော ကုန်စည်များကိုသာရောင်းချ ဖြန့်ဖြူးရန် အသိပညာပေးဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန် ထားသည့် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)