Main menu

 “ တွံတေးမြို့နယ်၌လူငယ်ရေးရာအသိပညာပေးနှင့်စားသုံးသူကာကွယ်ရေးအသိပညာပေး ဟော ပြောပွဲကျင်းပ ”

Powered by Drupal

         ကျောင်းသား၊ ကျောင်းသူ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးနှင့် အစားအစာများ ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ဝယ်ယူသုံးစွဲတတ်စေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေး နှင့် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် အိုးဘို့အနောက်ရပ်ကွက် အခြေခံပညာမူလတန်းကျောင်း၌  အောက်တိုဘာ လ(၂၂)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီ အချိန်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်း၍ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

              ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်မာလာကြည်က အဖွင့်အမှာစကား ပြောကြားပေး ခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဖြူဖြူဝင်းက လူငယ်များ ဗလငါးတန် ဖွံ့ဖြိုးစေရန်၊ အမှားအမှန် ဝေဖန်ပိုင်းခြားတတ်စေရန်နှင့် အသိပညာဗဟု သုတများ ကြွယ်ဝစေရန် စာအုပ်စာပေများကို ဖတ်ရှု့ရမည့် နည်းလမ်းများ ဗလငါးတန် ဖွံ့ဖြိုးရေး အတွက် လေ့လာလိုက်စားရမည့် အားကစားနှင့်စာပေအမျိုးအစားများနှင့်တန်ဖိုးများ၊ အကျိုး ကျေးဇူးများအကြောင်း ပြောကြားပေးခဲ့ပြီး မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှမြို့နယ်တာဝန်ခံဦးသန်းနိုင်ကကျောင်းသားကျောင်းသူလူငယ်များသတိပြုဆင်ခြင်ရမည့်နေ့စဉ်စားသုံးနေသည့်အစားအစာများ၏နောက် ဆက်တွဲ ဆိုးကျိုးများနှင့် အစားအစာများ ဘေးအန္တရာယ်ကင်းရှင်းစွာ ဖြင့် ဝယ်ယူသုံးစွဲရမည့်နည်းလမ်းများ၊ ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုများနှင့် အစားအစာများ ဝယ်ယူသုံးစွဲခြင်း မပြုမှီ သတိပြုရမည့် အချက်များအား အသိပညာပေး ပြောကြားခဲ့ကြောင်း သိရှိ ရပါသည်။

DOCA(ရန်ကုန်)