Main menu

အုတ်ဖိုမြို့နယ်တွင် စီးပွားရေးလုပ်ငန်းရှင်နှင့်တွေ့ဆုံခြင်း

Powered by Drupal

       ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ၊ ခရိုင်ဦးစီးမှူး ဦးအောင်သိန်း ၊ အုတ်ဖိုမြို့နယ် တာဝန်ခံ ဦးအေးဇော်ထိုက်နှင့် ဝန်ထမ်းများသည် (၁၄.၁၀.၂၀၂၂ )ရက်နေ့ ၊ နံနက် ၁၀ : ၀၀ နာရီအချိန်တွင် အုတ်ဖိုမြို့နယ် ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဌ ၊ ဣစ္ဆိတံ ဆီစက်ပိုင်ရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

      စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ဆောင်ပုဒ်ဖြစ်သော " ဖွံ့ဖြိုး ကုန်သွယ် နိုင်ငံကြွယ်" ဆိုသည့်အတိုင်း ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်၍ မြို့နယ်အတွင်း စားသုံးဆီဖူလုံရေး ၊ ဈေးနှုန်း /ဈေးကွက် အခြေအနေတည်ငြိမ်စေရေး ၊ အရည်အသွေး မှန်ကန်စေရေးနှင့် ဆီစက်များ၏ ကြိတ်ခွဲထုတ်လုပ်မှုနှင့် ဖြန့်ဖြူးရောင်းချနေမှုအခြေအနေများနှင့် စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)