Main menu

ကြို့ပင်ကောက်မြို့ စာသင်ကျောင်းပြင်ပရှိ မုန့်ဈေးဆိုင်များ၌ မူးယစ်ဆေးဝါးပါဝင်သော အစားအသောက်များ ရောင်းချမှုရှိ/မရှိ ရှောင်တခင်စစ်ဆေး

Powered by Drupal

           ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုတိယအုပ်ချုပ်ရေးမှူးဦးဆောင်၍ ပညာရေးဌာန ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၊ ကျန်းမာရေးဌာန ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ သာယာဝတီခရိုင် ၊ ကြို့ပင်ကောက်မြို့ ၊ အထက (၃) စာသင်ကျောင်း ပြင်ပရှိ မုန့်အရောင်းဆိုင် (၆)ဆိုင်အား ၁၃.၁၀.၂၀၂၂ ရက်နေ့ ၊ နေ့ ၂ : ၀၀ နာရီအချိန်တွင် ကျောင်းမုန့်ဈေးတန်းများကို ရှောင်တခင်စစ်ဆေးခဲ့ပါသည်။

          ထိုသို့စစ်ဆေးရာတွင် အိမ်နီးချင်းနိုင်ငံဖြစ်သော ထိုင်းနိုင်ငံမှ တင်သွင်းလာသော ဆေးခြောက် ပါဝင်သည့် အစားအသောက်နှင့် မုန့်မျိုးစုံများ ရောင်းချမှုရှိ/မရှိကို ‌ရှောင်တခင်ဝင်‌ရောက်စစ်ဆေးခဲ့ပြီး စားသုံး‌သူရေးရာဦးစီးဌာနအနေဖြင့်လည်း ကျောင်းပြင်ပမုန့်ဈေးဆိုင်များမှ ရောင်းချသည့် အစား အသောက်များတွင် ဌာနမှ ညွှန်ကြားထားသော ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါရှိသော ပစ္စည်းများကိုသာ ဝယ်ယူရောင်းချခြင်းပြုပါရန် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)