Main menu

ဒိုက်ဦးမြို့ စိုက်ပျိုး ၊ မွေးမြူရေးနှင့် အသေးစား ၊ အလတ်စားလုပ်ငန်းများကွင်းဆင်းလေ့လာ

Powered by Drupal

      ပဲခူးတိုင်းဒေသကြီး ၊ စားသုံးသူရေးရာ ဦးစီးဌာန ၊ ညောင်လေးပင်ခရိုင်ဦးစီးမှူးနှင့်   ဒိုက်ဦးမြို့နယ်တာဝန်ခံတို့သည် ဒိုက်ဦးမြို့နယ်အုပ်ချုပ်‌ရေးမှူးနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ညောင်လေးပင်ခရိုင် ၁၅.၁၀.၂၀၂၂ ရက်နေ့ ၊ နေ့လယ်  (၁ : ၀၀)နာရီအချိန်တွင်  ဒိုက်ဦးမြို့၏ စိုက်ပျိုး ၊ မွေးမြူရေးလုပ်ငန်းများနှင့် အသေးစား ၊ အလတ်စား လုပ်ငန်းများအား ကွင်းဆင်းလေ့လာခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းရာတွင် ငါးချဉ်လုပ်ငန်း ၊ ဝါး/ခမောက်လုပ်ငန်း ၊ ဆန်စက် ၊ ကြက်မွေးမြူရေးလုပ်ငန်း ၊ နွားမွေးမြူရေး လုပ်ငန်းရှင်များနှင့်တွေ့ဆုံခဲ့ပြီး ကုန်ကြမ်းရရှိမှုအခြေအနေနှင့် အသုံးပြုမှု အခြေအနေ ၊ လုပ်သားအင်အား အသုံးပြုမှုအခြေအနေ ၊ တစ်ရက်လုပ်အားခ ပေးချေရမှု ၊ ထုတ်လုပ်မှု ကုန်ကျစရိတ် ၊ အသားတင်အကျိုးအမြတ် ၊ ဈေးနှုန်းဈေးကွက်အခြေအနေ ၊ တစ်နေ့တာ ထုတ်လုပ်မှု ပမာဏ ၊ လက်ရှိလုပ်ငန်းလည်ပတ်မှု အခြေအနေများ ၊ တိုးချဲ့ဆောင်ရွက်နိုင်မှု အခြေအနေများနှင့် လုပ်ငန်းအခက်အခဲများကို တွေ့ဆုံမေးမြန်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)