Main menu

“ (Sky Net ရုပ်သံလုပ်ငန်း) ၏ ရှေ့လုပ်ငန်းစဉ်ဆောင်ရွက်မှုများနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေး ”

Powered by Drupal

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်၊ ဦးခင်မောင်လှိုင်သည် တာဝန်ရှိသူများနှင့်အတူ  ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက် နေ့တွင် ရုံးအမှတ်(၅၂) အစည်းအဝေးခန်းမ၌ “ရွှေသံလွင်ကုမ္ပဏီလီမိတက် (Sky Net ရုပ်သံလုပ်ငန်း) မှတာဝန်ရှိသူများနှင့်တွေ့ဆုံကာ Sky Net ရုပ်သံလိုင်း၏ဝန်ဆောင်မှုများနှင့်ပတ်သက်၍  တွေ့ဆုံဆွေး နွေးခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်က ဆွေးနွေးပြောကြားရာတွင် စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများ၏ အကျိုးစီးပွားကာကွယ်ရေးလုပ်ငန်းများကို ဆောင် ရွက်လျက်ရှိကြောင်း၊  စားသုံးသူအခွင့်အ‌ရေး(၈)ချက်ကို မဏ္ဍိုင်သဘောထား၍ ဆောင်ရွက်လျက်ရှိ ကြောင်း၊ မီဒီယာလောကတွင် ရုပ်သံလိုင်းများစွာရှိသဖြင့် စားသုံးသူပြည်သူများမှ ရွေးချယ်ခွင့်ရှိ ကြောင်း၊ ရွေးချယ်ခွင့်ကို ပိတ်ပင်ခွင့်မရှိကြောင်း၊ ပိတ်ပင်ပါက စားသုံးသူအခွင့်အရေး ဆုံးရှုံးခြင်းဖြစ် ကြောင်း၊ လုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်နှင့် ဝတ္တရားများရှိကြောင်း၊ စားသုံးသူများအား သတင်းအချက်အလက် ကျယ်ကျယ်ပြန့်ပြန့်ပေးရန် လိုအပ်ကြောင်း၊ သတင်းအချက်အလက်နှင့် ပတ်သက်၍ ပြည်သူများမှ သိရှိပိုင်ခွင့်ရှိသလို လုပ်ငန်းရှင်များက စားသုံးသူပြည်သူက မေးမြန်းလာ လျှင် ဖြေဆိုရမည်ဖြစ်ကြောင်း၊ အလွန်အမင်းကြော်ငြာပြီး လုပ်ဆောင်မပေးနိုင်ပါက စားသုံးသူက တိုင်ကြားပိုင်ခွင့်ရှိကြောင်း၊ စားသုံးသူအခွင့်အ‌ရေး(၈)ချက်ပေါ်မူတည်၍ စားသုံးသူပြည်သူများ ပတ်ဝန်းကျင်ကောင်းများရရှိစေရန် ဖန်တီးပေးရမည်ဖြစ်ကြောင်းတို့ကို ဆွေးနွေးပြောကြားခဲ့ပါသည်။ ရွှေသံလွင်ကုမ္ပဏီလီမိတက် ဒါရိုက်တာ ဦးသိုက်ထွန်းက Sky Net ရုပ်သံလစဉ်ကြေးများ တိုးမြှင့် ကောက်ခံမည်ဖြစ်ကြောင်း၊ မိမိတို့သည်လည်းပြောင်းလဲလာသည့် ဒေါ်လာဈေးကြောင့် ဈေးနှုန်း မတက်ချင်သော်လည်း Channel များ ဝယ်ယူသည့်အခါ နိုင်ငံခြားငွေဖြင့် ဝယ်ယူရသည့်အတွက် စီးပွားရေးတွက်ချေမကိုက်သည့် အခြေအနေဖြစ်နေပါကြောင်း၊ ဈေးနှုန်းတိုးမြှင့်ကောက်ခံခြင်းအပေါ် ရုပ်သံလိုင်းများကို လျှော့ချခြင်းမပြုဘဲ ထပ်မံဖြည့်သွင်းသွားမည်ဖြစ်ပါကြောင်း၊ ကမ္ဘာ့ဖလားဘောလုံး ပွဲကိုလည်း ပြသနိုင်ရေးဆောင်ရွက်လျက် ရှိပါကြောင်း၊ ၂၀၂၃ ခုနှစ်တွင် ပြည်သူအများ ပါဝင်ကစား နိုင်သည့် Game Show များ ပြသရန် စီစဉ်ထားကြောင်းနှင့် Sky Net အနေဖြင့် စားသုံးသူပြည်သူများ သို့ ထိရောက်သော ဝန်ဆောင်မှုများပေးနိုင်ရန် ပြုပြင်ဆောင်ရွက်နေပါကြောင်းတို့ကို ဆွေးနွေး ပြောကြားခဲ့ပြီး တွေ့ဆုံဆွေးနွေးပွဲကို (၁၀း၅၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(Consumer Division)