Main menu

တောင်ကုတ်မြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်း (အမှတ် ၁-၂-၃-၄) ကျောင်းမုန့်ဈေးတန်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

   ရခိုင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန တောင်ကုတ်ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်ခင်မေဝင်း(ဒု-ဦးစီးမှူး) နှင့် ဝန်ထမ်းများသည် မြို့နယ်ထွေအုပ်၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်၊ မြို့နယ်ကျန်းမာရေးတို့ပါဝင်သော  ပူးပေါင်းအဖွဲ့ဖြင့် (၁၇-၁၀-၂၀၂၂)ရက်နေ့တွင် တောင်ကုတ်မြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်း  (အမှတ် ၁-၂-၃-၄)များ၏ ကျောင်းမုန့်ဈေးတန်းသို့သွားရောက်၍ ကျောင်းသား/သူများ ဘေးအန္တရာယ် ကင်းရှင်းစွာ စားသုံးနိုင်ရန်အတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်ခင်မေဝင်း(ဒု-ဦးစီးမှူး)မှ ဈေးဆိုင်ရောင်းချသူ များအား စားသောက်ကုန်များရောင်းချရာတွင် သန့်ရှင်းစွာပြုလုပ်ရောင်းချရေး၊ ယင်နားစားများ မရောင်းချရန်၊ ဘေးဉပါဒ်ဖြစ်စေနိုင်သော ဓါတုဆေးဝါးများ၊ ဆိုးဆေးများပါဝင်သော စားသောက်ကုန်များ မရောင်းချရန်၊ စားသောက်ကုန်များတွင် နိုင်ငံခြားဘာသာဖြင့်ဖော်ပြထားသော အများသူငှာ ဖတ်ရှု၍ နားမလည်နိုင်သော စားသောက်ကုန်များအား မရောင်းချကြရန်နှင့် ကုန်အညွှန်းအမှတ် အသားများကို မြန်မာဘာသာဖြင့်ဖော်ပြထားသော စားသောက်ကုန်ပစ္စည်းများကိုရောင်းချကြရန်၊ သို့မှသာ ကျောင်းသား/သူ ကလေးများအနေဖြင့် ကုန်အညွှန်းအမှတ်အသားများကိုဖတ်ရှုပြီး ဘေးအန္တရာယ်ကင်းရှင်းစေသော ကုန်စည်များကို ‌ရွေးချယ်ဝယ်ယူစားသုံးနိုင်မည်ဖြစ်ပါကြောင်း၊ ၎င်းအပြင် ၂၀၁၉ စားသုံးသူကာကွယ်ရေးဉပဒေအရ ကုန်ပစ္စည်းများ၏ ကုန်အညွှန်းအမှတ်အသား များကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာ(သို့)အခြားဘာသာဖြင့် တွဲလျက်ဖော်ပြထားသော ကုန်စည်များကိုသာ ဦးစားပေးရောင်းချကြရန်၊ အကယ်၍ ဈေးဆိုင်ရှင်များအနေဖြင့် ဉပဒေ ပြဌါန်းချက်အတိုင်း လိုက်နာဆောင်ရွက်မှုမရှိပါက လက်လီဝယ်ယူရောင်းချသူများဖြစ်စေကာမှု ၂၀၁၉ စားသုံးသူကာကွယ်ရေးဉပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ပါကြောင်း အသိပညာပေး ဆွေးနွေးခဲ့ပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူးမှ စားသောက်ကုန်များကို ကျန်းမာရေးနှင့် ညီညွတ်စွာ ရောင်းချနိုင်ရေးအတွက် ဆွေးနွေးပြောကြားခဲ့ပြီး အသိပညာပေးခြင်းနှင့် ဈေးကွက်စောင့် ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(ရခိုင်)