Main menu

အခြေခံစားကုန်၊ ဟင်းသီးဟင်းရွက်များနှင့် စားသုံးဆီများ ဈေးနှုန်းချိုသာစွာဖြင့်ရောင်းချ

Powered by Drupal

      ရခိုင်ပြည်နယ် စစ်တွေမြို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး ခြံဝင်းအတွင်း၌ (၁၉-၁၀-၂၀၂၂) ရက်နေ့ နံနက်(၀၈:၀၀)နာရီမှ (၀၉:၃၀) နာရီထိ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ စစ်တွေတပ်နယ်မှ ဦးဆောင် ၍ အခြေခံစားကုန် (ကြက်၊ ဝက်၊ ဘဲ၊ ကြက်ဥ၊ စည်သွပ်ငါး/ငါးပိ၊ ကော်ဖီထုပ်မျိုးစုံ၊ အသင့်စား ခေါက်ဆွဲထုပ်၊ ကြာဆံထုပ်နှင့် အခြားစားသုံးကုန်များ) နှင့်  ဟင်းသီးဟင်းရွက်မျိုးစုံ ရောင်းချပေးမှုတွင် စားသုံးသူပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် စားသုံးသူရေးရာ ဦးစီးဌာန၊ ရခိုင်ပြည်နယ် ပြည်နယ်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့်  ရခိုင်ပြည်နယ်သို့ တင်သွင်းဖြန့်ချီ ရောင်းချခွင့်ရရှိသည့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း အစီအစဉ်ဖြင့် Perfect King Trading Co.Ltd ကုမ္ပဏီအား သတ်မှတ်အရည်အသွေး စံချိန်စံညွှန်းနှင့်ညီညွတ်သော စားသုံးဆီ(စားအုန်းဆီ)များအား ရန်ကုန်အထိုင် ရည်ညွှန်းဈေးနှုန်းအပေါ် သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များထပ်ပေါင်း၍ ၂% ရာခိုင်းနှုန်းထက် အမြတ်မယူစေဘဲ ဈေးနှုန်းသက်သာစွာဖြင့် ပူးပေါင်းပါဝင်ရောင်းချစေရေးနှင့် စစ်တွေမြို့၊ ရွာကြီးမြောက်ရပ်ကွက်တွင်လည်း စားသုံးသူပြည်သူ များသို့ စားသုံးဆီများရောင်းချခဲ့ပါကြောင်း၊ ၎င်းစားသုံးဆီရောင်းချမှုတွင် စားသုံးသူရေးရာဦးစီးဌာန စစ်တွေခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများက ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ခဲ့ပါကြောင်းနှင့် စားသုံးဆီ (စားအုန်းဆီ) တစ်ပိဿာလျှင် (၄၉၀၀)ကျပ် ဈေးနှုန်းဖြင့် စုစုပေါင်း စားသုံးဆီ(၆၆၀) ပိဿာ ရောင်းချခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)