Main menu

MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်း

Powered by Drupal

   ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဘိုကလေးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၂ ခုနှစ် အောက်တိုဘာလ(၁၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဘိုကလေးမြို့နယ် သာပေါင်းကျေးရွာရှိ အောင်ဘောဂ ဆန်စက်သို့သွားရောက်၍ ဆန်စက်လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

  အဆိုပါတွေ့ဆုံဆွေးနွေးရာတွင် ဆန်စပါးဈေးကွက်အတွင်း ဈေးနှုန်းအခြေအနေများ တည်ငြိမ်မှုရှိ/မရှိ၊ လုပ်ငန်း၏အခက်အခဲအတွေ့အကြုံများ၊ ပုဂ္ဂလိက ကဏ္ဍနှင့်ကုန်သွယ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး၊ ဆန်စပါးအရည်အသွေး၊ ထုတ်လုပ်မှုပြည့်မိစေရေး၊ အချိန်အတွယ်နှင့် ပတ်သက်၍လည်းသတ်မှတ်ထားသည့်နှုန်းအတိုင်းပြည့်မီစေရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ MSMEs လုပ်ငန်းနှင့်ပတ်သက်၍ ခေတ်မီစက်ကြီးများနှင့် လည်ပတ်ရခြင်းကြောင့် ထုတ်ကုန်များပိုမို ထုတ်လုပ်နိုင်ခြင်း၊ ထိုသို့ ထုတ်လုပ်နိုင်ခြင်းကြောင့် ဆန်စက်ရှိအလုပ်သမားများ အလုပ်လက်မဲ့မဖြစ်တော့ဘဲ စားဝတ်နေရေးအစဉ်ပြေကြောင်းနှင့် ဆန်ကြိတ်ခွဲရာမှ ထွက်ရှိလာသည့်စွန့်ပစ်ပစ္စည်းများနှင့် ပတ်သက်၍လည်း စနစ်တကျစွန့်ပစ်ကြရန် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)