Main menu

ဖျာပုံခရိုင် ဘိုကလေးမြို့နယ် ၊အမှတ်(၂)ရပ်ကွက် ပြည်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

Powered by Drupal

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဘိုကလေးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၂ခုနှစ်၊ အောက်တိုဘာလ(၁၅)ရက်နေ့၊ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနရုံးတွင် အမှတ်(၂)ရပ်ကွက်နေ့ ပြည်သူများကို စားသုံးသူကာကွယ်ရေး အသိပညာ ပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

       အဆိုပါဟောပြောပွဲတွင် ဘိုကလေးမြို့နယ်တာဝန်ခံမှ စားသုံးသူကာကွယ်ရေးဥပဒေ အကြောင်းအရာများထဲမှ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ ကုန်စည်ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးများ၊ ဈေးကွက်မရောမီ ကုန်စည်နှင့်ဈေးကွက်ရောက်ပြီး ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များကို သိရှိစေရန်အတွက်လည်းကောင်း၊ ဟင်းသီးဟင်းရွက်ဆီ (Vegetable, Oil, Cookig Oil)တို့တွင် မြန်မာဘာသာဖြင့် ရေးသားဖော်ပြရမည် ပင်ရင်းပါဝင်ပစ္စည်း၊အမျိုးအမည်၊ အလေးချိန်၊ပိဿာ၊ ကျပ်သားဖြင့်တိတိကျကျဖော်ပြထားကြောင်းကိုသိရှိစေရန်အတွက်လည်းကောင်း၊ စားသုံးသူနစ်နာ ဆုံးရှုံးများတစ်စုံတစ်ရာ ဖြစ်လာပါက အရေးဆိုတိုင်ကြားနိုင်ကြောင်း၊ မြို့နယ်ရုံး၊ခရိုင်ရုံးနှင့် တိုင်းဦးစီးမှူးရုံးအပြင်စားသုံးသူရေးရာဦးစီးဌာန၏ Consumer Call Center 1535 သို့ဆက်သွယ်တိုင်ကြားနိုင်ကြောင်း၊ စားသုံးသူကိစ္စရပ်များနှင့်လည်း သိလိုသည်များကို ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း အသိပညာပေးခဲ့ခြင်းအား သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)