Main menu

ဆန်၊ ဆီ ၊ ကြက်ဥ ဈေးနှုန်းချိုသာစွာ ရောင်းချ

Powered by Drupal

    ရန်ကုန်တိုင်းဒေသကြီး၊တွံတေးခရိုင်အတွင်းရှိ ကော့မှူးမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ကော့မှူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်ပြီး စားသုံးသူရေးရာဦးစီးဌာနနှင့် အခြားဌာနဆိုင်ရာများပူးပေါင်း ၍ စားသုံးသူပြည်သူများ၏ အခြေခံ စားသောက်ကုန်ပစ္စည်းများဖြစ်သော ဆန်၊ ဆီ၊ ကြက်ဥများကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်၊၊

       ထိုသို့ရောင်းချပေးရာတွင် ရပ်ကွက်၊ကျေးရွာများသို့ တစ်ရက်လျှင် ဆန်(၁၀)အိတ် ၊ဆီ(၁၁၀) ပိဿ ၊ကြက်ဥအလုံး(၁၀၀၀)တို့အား နေ့စဉ်လှည့်လည်ရောင်းချပေးလျက်ရှိရာ ဆန်တစ်ပြည်လျှင် ကျပ် ၁၇၀၀၊ စားသုံးဆီ တစ်ပိဿာလျှင် ကျပ် ၄၀၀၀ ၊  ကြက်ဥ တစ်လုံးလျှင် ၁၇၅ ကျပ်နှုန်းဖြင့် ကော့မှူးမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ၌  အောက်တိုဘာလ ၁၇ ရက်နေ့ နံနက် ၉နာရီ တွင် စတင်ရောင်းချပေးခဲ့သ်ဟု သိရသည်၊၊

DOCA(ရန်ကုန်)