Main menu

ရွှေဘို၊  စက်မှုဇုန်ရှိ  BT ဆန်စက်အား (SPS Protocol) ပါ သတ်မှတ်ချက်များနှင့်အညီ စဉ်ဆက်မပြတ်လိုက်နာဆောင်ရွက်နိုင်မှုရှိ/ မရှိ စစ်ဆေးခြင်းနှင့် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲဆောင်ရွက်

Powered by Drupal

         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန ၊စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်အနေဖြင့် ၂၀၂၂ခုနှစ်၊ အောက်တိုဘာလ(၁၇)ရက်နေ့၊ နံနက် (၁၁:၀၀)နာရီ အချိန်တွင် မြန်မာနိုင်ငံမှ ဆန်ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့တင်ပို့ရန် စစ်ဆေးခြင်းနှင့် ပိုးမွှားကင်း စင်ရေး သဘောတူ စာချုပ် (SPS Protocol) ပါ အချက်များနှင့် ကိုက်ညီစွာ စစ်ဆေး ထုတ်လုပ် တင်ပို့သွားနိုင်ရေးအတွက် ကြိတ်ခွဲမည့် ရွှေဘိုမြို့၊ စက်မှုဇုန်ရှိ BTဆန်စက်အား (SPS Protocol) ပါ သတ်မှတ်ချက်များနှင့်အညီ စဉ်ဆက်မပြတ် လိုက်နာဆောင်ရွက်နိုင်ရေး အတွက် လေ့လာစောင့်ကြည့်စစ်ဆေးရန် အဖွဲ့ဝင်အဖြစ် တာဝန်ပေးအပ်မှုအရ စားသုံးသူရေးရာ ဦးစီးဌာန ရွှေဘိုခရိုင်ဦးစီးမှူးမှ ကွင်းဆင်းစစ်ဆေးပြီး စက်ရုံဝန်ထမ်း (၁၀)ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

      အဆိုပါ ဟောပြောပွဲတွင် ခရိုင်ဦးစီးမှူးဦးဇော်မင်းသိန်းမှ စားသုံးသူအခွင့်အရေးများကို အပြည့်အဝကာကွယ်နိုင်ရန်အတွက် စားသုံးသူကာကွယ်ရေးဉပဒေကိုပြဌာန်းထားကြောင်း၊ ပြည်သူတိုင်းသည် စားသုံးသူများဖြစ်ပြီး စားသုံးသူများအားလုံး စားသုံးသူအခွင့် အရေးများကို သိရှိနိုင်စေရန် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေး (၈)ချက် နှင့် စားသုံးသူများလိုက်နာရမည့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ကုန် ပစ္စည်းများဝယ်ယူရာတွင် မိမိဝယ်ယူသည့် ကုန်ပစ္စည်း၏ ပြေစာကိုသိမ်းဆည်းထားရန် လိုအပ်ကြောင်း၊ စားသုံးသူအခွင့်အရေးချိုးဖောက်ခြင်းခံရပါက စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ် ပါကြောင်း၊ စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားနစ်နာဆုံးရှုံးမှုဖြစ်ပါက ထိုပြေစာနှင့်အတူ အရေးဆိုတိုင်ကြားနိုင်ကြောင်း၊ ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော် ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါအကြောင်းများ၊ မိမိတို့ကုန်ပစ္စည်းဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများ နှင့် ပြည့်စုံမှဝယ်ယူရမည်ဖြစ်ကြောင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုများကြောင့် စားသုံး သူပြည်သူများအနေဖြင့် နစ်နာဆုံးရှုံးမှုဖြစ်ပေါ်ခဲ့ပါက ဌာနသို့တိုင်ကြားနိုင်ကြောင်း၊ လူကိုယ် တိုင်သော်လည်းကောင်း၊  ဖုန်းဖြင့်သော်လည်းကောင်း၊ Onilne ဖြင့်သော်လည်းကောင်း ၊Concumer Call Center (1535)ကိုတိုင်ကြားနိုင်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး  တက်ရောက်လာသော စက်ရုံဝန်ထမ်း (၁၀)ဦးအား ဌာန၏ စားသုံးသူအသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)