Main menu

ဘီးလင်းမြို့နယ် ဘိုးလှကြီးရပ်ကွက် (အ.မ.က) မြို့သစ်ကျောင်း၌  စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

Powered by Drupal

    မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဘီလင်း မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည်   ဘိုးလှကြီးရပ်ကွက် (အ.မ.က) မြို့သစ်ကျောင်း၌  ၂၀.၁၀.၂၀၂၂ ရက်နေ့၊ (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးပွဲအား ကျင်းပခဲ့ရာ ဒုဦးစီးမှူး ဦးစည်သူက စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက် လုပ်ငန်းဆောင်ရွက်မှုအခြေအနေအား ရှင်းလင်းပြောကြားပြီး ကျောင်းသူ၊ ကျောင်းသားများအား ဘေးအန္တရာယ်ကင်းသော အစားအသောက်များကို ရွေးချယ်ဝယ်ယူစားသုံးတတ်စေရန် ရှင်းလင်းဟောပြော ဆွေးနွေးခဲ့ပါသည်။

      ဆွေးနွေးပွဲသို့ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမ (၈) ဦး ကျောင်းသား၊ ကျောင်းသူ (၁၇၉) ဦးတက်ရောက်ခဲ့ပါသည်။ ဆွေးနွေးပွဲအပြီးတွင် ဌာန၏လက်ကမ်းစာစောင်များ ဝေငှခဲ့ကြောင်း သိရှိရသည်။

DOCA(မွန်)