Main menu

“ အရည်သွေးကောင်းတဲ့ မလှိုင်ပဲနောက် ”

Powered by Drupal

              စားသုံးသူရေးရာဦးစီးဌာန ၊ မိတ္ထီလာခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် မလှိုင်မြို့နယ်တာဝန်ခံ ဦးရဲမြင့်ဆန်း (၁၇-၁၀-၂၀၂၂) ရက်နေ့ (၁၀၀၀) နာရီအချိန်တွင် ကံကြီးကျေးရွာ ပဲနောက်ဧက (၈) ဧက စိုက်ပျိုးထားသူနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

          ဆွေးနွေးရာတွင် ပဲနောက်ကို စိုက်ပျိုးရာတွင် မိုးဦး၌ နှမ်း၊ ပဲစဉ်းငုံတို့ဖြင့် သီးညှပ်စိုက်ပျိုး ကြောင်း ဒေသအခေါ် (ပဲနောက်) သည် ပဲတီစိမ်းအုပ်စုမျိုးဖြစ်ပြီး ပဲတီစိမ်းအသေးဟုလဲ ခေါ်ဝေါ် ကြောင်း၊ ပဲနောက်နှင့်ပဲတီစိမ်း စိုက်ပျိုးပုံကွာခြားသည်မှာ ပဲတီစိမ်းသည် လယ်မြေအစိုဓါတ်ရှိသော နေရာတွင် စိုက်ပျိုးဖြစ်ထွန်းပြီး ၊ ပဲနောက်သည် ကုန်းမြေ ၊ ယာမြေတွင် မိုးကောင်းစောင့် စိုက်ပျိုးဖြစ် ထွန်းပြီး သီးညှပ်စိုက်ပျိုးသည့်အတွက် ထွန်ယက်စိုက်ပျိုးစရိတ်သက်သာပြီး၊ သွင်းအားစုမှာလည်း မျိုး စေ့ဘိုးသာ ကုန်ကျကြောင်း၊ ရိတ်သိမ်းခူးဆွတ်ရာမှာ (၄) ကြိမ်မှ (၅) ကြိမ်ခူးဆွတ်ရပြီး၊ ရိတ်သိမ်းပုံ စနစ်မှာ မလှိုင်ဒေသတွင် ပဲနောက်ကို ရိတ်သိမ်းခူးဆွတ်သည့်အခါ ရင့်မှဲ့သည့် အသီးတောင့်များကို ရွေးချယ်ခူးဆွတ်ခြင်း၊ ပဲသီးတောင့်များကို နေလှန်းနွားနင်းနယ် တုတ်နှင့်ရိုက်ပြီးပြာပီး သန့်စင်ကာ ပဲနောက်ကို ရရှိကြောင်း၊ အချို့ဒေသတွင် ပဲနောက်အပင်ရင့်မှည့်ချိန် အပင်လိုက်ရိတ်သိမ်းသည့် အတွက် မရင့်မှည့်သေးသည့် လုံးပိန်လုံးညှပ်များ ပါ ပါရှိနေခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)