မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ စားသုံးသူအသိပညာပေးဆင့်ပွားသင်တန်းကို ၂၀.၁၀.၂၀၂၂ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ရာ သင်တန်းသား၊ သင်တန်းသူ (၂၆)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါ သင်တန်းတွင် ပြည်နယ်ဦးစီးမှူးမှ အဖွင့်အမှာစကားပြောကြားရာတွင် ဝန်ထမ်းများအနေဖြင့် စွမ်းဆောင်ရည်ပြည့်ဝရန် လိုအပ်ကြောင်း၊ မိမိဘာသာရပ်များကို ကျွမ်းကျင်ရန် လိုအပ်ကြောင်း၊ စားသုံးသူကာကွယ်ရေးကဏ္ဍသာမက ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးမှုကဏ္ဍကိုပါ ဝန်ထမ်းများ သိရှိထားရန် လိုအပ်ကြောင်း၊ ကွန်ပျူတာသင်တန်းနှင့် အင်္ဂလိပ်စာသင်တန်းများကို ဖွင့်လှစ်ရန် စီစဉ်ထားရှိကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ ဘာသာရပ်၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအကြောင်းအရာများ၊ စားသုံးသူ သတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) နှင့် ပတ်သက်၍ သိကောင်းစရာများနှင့် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ဆွေးနွေးပို့ချခဲ့ကြောင်း သိရှိရပါသည်။
DOCA(မွန်)