စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ခရိုင်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးမြင့်နိုင်နှင့် ဝန်ထမ်းများဦးဆောင်၍ ၂၀၂၂ခုနှစ်၊ အောက်တိုဘာလ တတိယပတ်တွင် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြစ်သည့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် ဈေးကွက်လေ့လာစောင့်ကြည့်စစ်ဆေးခြင်းကို ပျဉ်းမနားမြို့၊ အမှတ်(၁)မြို့မဈေးတွင် (၂၁-၁၀-၂၀၂၂)ရက်နေ့၊ နံနက် (၁၀း၀၀)နာရီအချိန်၌ ဆောင်ရွက်ခဲ့ရာ ဈေးအုပ်ချုပ်ရေးမှူး ဦးတင်မောင်ကြည်နှင့်အဖွဲ့မှ ပူးပေါင်းပါဝင်ခဲ့ပါသည်။ ဈေးကွက်အတွင်း ရောင်းချနေသော လျှပ်စစ်ပစ္စည်းများ၊ အလှကုန်များပေါ်တွင် စားသုံးသူကာကွယ်ရေးဥပဒေ၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဥ်း၍ ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်အလေးချိန်ပမာဏ၊ ထားသို သိမ်းဆည်းမှုအညွှန်း၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲနှင့် ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓါတ်မတည့်ကြောင်း ဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်များအား စိစစ်ဆောင်ရွက်ခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက် အမှတ် ၂/၂၀၁၉အား သိရှိလိုက်နာဆောင်ရွက်သွားရန် အသိပေးရှင်းလင်း ပြောကြားခြင်းများ ပြုလုပ်ခဲ့ပါသည်။ ထို့နောက် လျှပ်စစ်ပစ္စည်းရောင်းချသည့်ဆိုင်များနှင့် အလှကုန်ရောင်းချသည့်ဆိုင် များအား ကြည့်ရှုစစ်ဆေးပြီး နံနက် (၁၂း၀၀) နာရီ အချိန်တွင် ပြီးစီးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ပြည်ထောင်စုနယ်မြေ)