Main menu

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ စားသုံးသူကာကွယ်‌ရေး အသိပညာပေး Talk Show ပြုလုပ်

Powered by Drupal

   ကချင်ပြည်နယ်၊စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ပူးပေါင်း၍ 20.10.2022 ရက်နေ့ နံနက် 11:00 နာရီ အချိန်၌ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးခန်းမတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့ပါသည်။

    ထိုသို့ပြုလုပ်ရာတွင် ဦးကျော်မိုးလွင်(ဌာနခွဲစာရေး)မှ စားသုံးသူကာကွယ်ရေးဥပဒေ ပေါ်ပေါက်လာပုံ၊ စားသုံးသူကာကွယ်ရေးဥပဒေပါအဓိပ္ပာယ်ဖော်ပြချက်နှင့် ရည်ရွယ်ချက်များ၊ စားသုံးသူအသိ ပညာပေးလုပ်ငန်းများဆောင်ရွက်မှု၊စားသုံးသူများနစ်နာဆုံးရှုံးမှုရှိခဲ့လျှင် တိုင်ကြားရမည့်နည်းလမ်းများ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်းတို့ကို အသိပညာပေး ရှင်းလင်းပြောကြားခဲ့ပါသည်။

DOCA(ကချင်)