Main menu

စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးသို့ ဒုတိယညွှန်ကြား‌ရေးမှူးချုပ် ဦးခင်မောင်လှိုင် လာရောက် ဆွေးနွေးခြင်း

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးသို့ ၂၀-၁၀-၂၀၂၂ရက်နေ့၊ နေ့လည်(၁၂း၃၀)အချိန်တွင်၊ဒုတိယညွှန်ကြား‌ရေးမှူးချုပ် ဦးခင်မောင်လှိုင် လာရောက်ခဲ့ပါတယ်။ ပထမဦးစွာ ဒုတိယညွှန်ကြား‌ရေးမှူးချုပ်အား ဝန်ထမ်းတစ်ဦးချင်းမှ နာမည်၊ ရာထူး၊ တာဝန်ယူဆောင်ရွက်နေသောဌာနခွဲများအကြောင်း မိတ်ဆက်ခဲ့ကြပါသည်၊၊ ထို့နောက်ဒုတိယ ညွှန်ကြားရေးမှူးချုပ်မှ ဒုတိယသုံးလပတ် Power Point ဖြင့် စီမံ‌ရေးရာဌာနခွဲအကြောင်း၊ ငွေစာရင်းဌာနခွဲအကြောင်း၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲအကြောင်း၊ စားသုံးသူရေးရာဌာနခွဲအကြောင်း၊ မူဝါဒလေ့လာရေးနှင့်စီမံကိန်းစာရင်းအင်းဌာနခွဲအကြောင်း၊ သတင်းအချက်အလက် နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနခွဲအကြောင်း၊ ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးမှုနှင့်သုတေသနဌာနခွဲ အကြောင်းတို့ကိုမေးမြန်းပြီး သက်ဆိုင်ရာဌာနခွဲတာဝန်ခံများမှ ရှင်းလင်းဖြေကြားခဲ့ပါတယ်။ ထို့နောက် ဦးခင်မောင်လှိုင်မှ ဝန်ထမ်းများအားလုံး သက်ဆိုင်ရာတာဝန်များကို ကျေပွန်စွာထမ်းဆောင် သွားကြရန်နှင့် လိုအပ်သည်များကို လမ်းညွှန်မှာကြားပြီး ဆွေးနွေးပွဲကို ညနေ(၁၆း၀၀)နာရီ အချိန်တွင် ပြီးမြောက်ကြောင်း သတင်းရရှိပါတယ်။   

DOCA(ပြည်ထောင်စုနယ်မြေ)