Main menu

ပုဂ္ဂလိကစက်မှုလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ ၁၁/၂၀၂၂ကြိမ်မြောက်လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပခြင်း

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီး၊ ပုဂ္ဂလိကစက်မှုလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ ၁၁/၂၀၂၂ ကြိမ်မြောက် အစည်းအဝေးကို အောက်တိုဘာလ ၁၉ရက် မွန်းလွဲ ၁၄:၀၀နာရီ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန တိုင်းဦးစီးမှူးရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

     ပုဂ္ဂလိကစက်မှုလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဥက္ကဌ ဦးဝင်းဦးက အဖွင့်အမှာစကားပြောကြားခဲ့ရာ အောက်တိုဘာလအတွင်း စက်မှုမှတ်ပုံတင်ရန် လျှောက်ထားလာသော ကွင်းဆင်းစစ်ဆေးပြီးလုပ်ငန်း ၄၁-ခုအား မှတ်ပုံတင်ခွင့်ပြုရန် ဆွေးနွေးခြင်းနှင့် သက်တမ်းမတိုးသော ပုဂ္ဂလိကစက်မှု လုပ်ငန်း(၃၂)ခု အား လုပ်ထုံးလုပ်နည်း အပိုင်း(၃၂)အရ ခေတ္တရပ်ဆိုင်းခွင့်ပြုပါရန် တင်ပြခြင်း၊ ၎င်းအပြင် မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် လက်ပံချောင်းကျေးရွာရှိငါးပုံဆန်စက်ပိုင်ရှင် ဦးကျော်ကျော် ကွယ်လွန်သွားသောကြောင့် ဇနီးဖြစ်သူမှပိုင်ရှင် အမည်ပြောင်းလဲခွင့်ပြုပါရန် လျှောက်ထားခြင်းနှင့် မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် ဘုရားချောင်းမြရတနာရပ်ကွက်ရှိ အောင်ပန်းဆားစက်အား မူလပိုင်ရှင် ဦးဟုတ်စိန် ကွယ်လွန်သွားသောကြောင့် ဒေါ်ဌေးဌေးပါ သားသမီး၃ဦး ပိုင်ရှင်အမည် ပြောင်းလဲခွင့်တင်ပြလာခြင်းတို့အား တက်ရောက်လာသောအဖွဲ့ဝင် ဌာနကိုယ်စားလှယ် စားသုံးသူရေးရာဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ အလုပ်ရုံနှင့် အလုပ်သမားစစ်ဆေးရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွက်ကဲရေးဦးစီး ဌာန၊ ပြည်တွင်းအခွန်ဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်သိမ်းရေးဦးစီးဌာနနှင့် လယ်ယာမြေစီမံခန်းခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့မှ ကွင်းဆင်းစစ်ဆေးပြီး ပုဂ္ဂလိကစက်မှုမှတ်ပုံ တင်ခွင့်ပြုရန် တင်ပြလာသောလုပ်ငန်း-၄၁ခုအား သက်ဆိုင်ရာဌာနများ၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်၍ မှတ်ပုံတင်ခွင့်ပြုရန်နှင့် ပိုင်ရှင်အမည်ပြောင်းလဲခွင့်ပြုရန် ထောက်ခံတင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)