Main menu

“မိတ္ထီလာမြို့နယ်၊ ကျောက်ဖူးရပ်ကွက်အတွင်းရှိ ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်‌ဆေးခြင်း”

Powered by Drupal

    မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့သည် ၂၀၂၂ခုနှစ် အောက်တိုဘာလ (၁၃) ရက် နေ့  နံနက်(၁၀း၀၀)အချိန်တွင် မိတ္ထီလာမြို့နယ်၊ ကျောက်ဖူးရပ်ကွက်ရှိ ကုန်စုံဆိုင်များအတွင်း ရောင်းချလျှက်ရှိသောကုန်စည်များအားဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကိုဆောင်ရွက်ခဲ့ကြပါသည်။   ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ရန်မျိုးအောင်ရပ်ကွက်၍ ကုန်စုံဆိုင်ပိုင်ရှင်များအား စားသုံးသူ ကာကွယ်‌ရေးဥပ‌ဒေ ၂၀၁၉ ပါ ပြဌာန်းချက်များအရ ဥပဒေ အခန်း(၉)ပါ စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များ၊ အခန်း(၁၀) ပါ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ ဥပဒေအခန်း (၂၃) ပါ တားမြစ် ချက်များ၊ ဥပဒေအခန်း (၂၄)ပါ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၈) ပါ ကုန်အညွှန်းအမှတ်အသားနှင့် ဆက်စပ်း၍ ပုဒ်မ (၄၁) ပုဒ်မခွဲ (ခ)နှင် (ဆ)တို့ပါ ကုန်အညွှန်းအမှတ် အသားဖော်ပြရာတွင် မြန်မာဘာသာဖြစ်စေ၊ မြန်မာနှင့်အခြားဘာသာတစ်ခု(သို့) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားရမည်ဖြစ်ပြီး၊ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေနှင့် အညီ လိုက်နာဆောင်ရွက်ကြရန် ပြောကြားခဲ့ပြီး စျေးကွက်အတွင်းရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြဆောင်ရွက်မှု ရှိ/မရှိအား ဌာနမှ စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများကို နေ့စဉ်ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါသည်။

DOCA(မန္တလေး)