Main menu

မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်း ဥက္ကဌနှင့် တွေ့ဆုံ

Powered by Drupal

         စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးဆောင်၍ မုံရွာခရိုင်ဦးစီးမှူး၊ ဒုတိယခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၂)ဦးတို့သည် (၁၉.၁၀.၂၀၂၂) ရက်နေ့၊ နံနက်(၁၀)နာရီအချိန်တွင် မုံရွာမြို့၊ ပြည်တော်သာရပ်ကွက်ရှိ မြို့နယ်ဆန်စက် လုပ်ငန်းရှင်များအသင်းဥက္ကဌ အောင်သုခဆန်စက်ပိုင်ရှင်ဦးမြင့်ဆွေနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြ ပါသည်။

        ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် အသင်းဥက္ကဌမှ မြို့နယ်ဆန်စက်အသင်းကို (၂.၅.၂၀၁၀) ခုနှစ်တွင် အသင်းဝင်(၁၃)ဦးဖြင့် စတင်တည်ထောင်ခဲ့ကြောင်း၊ အသင်းဝင်ဆန်စက်များအနေဖြင့် ပုံမှန်လည်ပတ်လျက်ရှိပြီး မိမိတို့ အောင်သုခစက်မှာ ၂၄ နာရီ လည်ပတ်နိုင်ကြောင်း၊ ကုန်ကြမ်းဖြစ်သော စပါးကို ကလေး၊ မော်လိုက်၊ဖောင်းပြင်၊ယင်းမာပင်၊ ပုလဲ၊ ဘုတလင်၊ ချောင်းဦး မြို့နယ်များမှ ဝယ်ယူရရှိပြီး ထွက်ရှိသော ဆန်များကို ဒေသတွင်းစားသုံးကြပြီး မန္တလေးသို့လည်း တင်ပို့ရကြောင်း၊ စက်များကို ပြန်လည်မွမ်းမံပြီး လိုအပ်သောပစ္စည်းများ ဝယ်ယူ၍ နိုင်ငံခြား Export တင်ပို့နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျှက်ရှိပါကြောင်း ဆွေးနွေး ပြောကြားခဲ့ပြီး ဆန်စက် လုပ်ငန်းရှင်များကြုံတွေ့နေရသောအခက်အခဲများကို ပြောကြားခဲ့ပြီး ဆန်စက်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အတွက် ပံ့ပိုးကူညီပေးရမည့်အချက်များအား မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)