Main menu

တောင်ငူမြို့ အခြေခံပညာကျောင်းများတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

Powered by Drupal

     ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန တောင်ငူခရိုင်၊ တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ငူမြို့နယ်ဦးစီးမှူး ဒေါ်ခင်သူဇာဝင်း၊ အားကစား နှင့်ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူး ဒေါ်သူဇာထွေးတို့နှင့်အတူ အောက်တိုဘာလ ၁၈ ရက်နေ့ မွန်းလွဲပိုင်းက တောင်ငူမြို့ အမှတ် ၂၃ ရပ်ကွက်ရှိ၊ ကသည်းစု အခြေခံပညာအလယ်တန်း ကျောင်းတွင် ကျောင်းသား ကျောင်းသူများ ၁၆၀ ဦးအား စားသုံးသူကာကွယ်ရေးဆိုင်များကို အသိပညာပေး ဟောပြောခဲ့ပါသည်။             

    ထို့အတူ တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူသည် မိတ်ဖက်ဌာနဆိုင်ရာတာဝန်ရှိသူများ နှင့်အတူ အောက်တိုဘာလ ၁၉ ရက်နေ့ နံနက်ပိုင်းက တောင်ငူမြို့ အမှတ် ၁ ရပ်ကွက်ရှိ ထီးလှိုင် အခြေခံပညာ မူလတန်းလွန်ကျောင်းတွင် ကျောင်းသားကျောင်းသူ ၁၀၀ ဦးတို့အား စားသုံးသူကာ ကွယ်ရေးဆိုင်ရာများကို အသိပညာပေးဟောပြောခဲ့ပါသည်။

      ဟောပြောပွဲများတွင် မြို့နယ်တာဝန်ခံက စားသုံးသူ၏ အခွင့်အရေးများ၊ စားသုံးသူရေးရာ ဦးစီးဌာန၏ ဆောင်ရွက်ချက်များ၊ ကုန်စည်များ ဝယ်ယူသုံးစွဲရာတွင် ကုန်စည်တွင်ဖော်ပြထားသည့် ကုန်အညွှန်းအမှတ်အသားများကို ဖတ်ရှုရန် အရေးကြီးပုံများ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ် ပါက တိုင်ကြားနိုင်ခြင်းများကို အကျယ်တဝင့်ဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)