ပဲခူးတိုင်းဒေသကြီးသည် ကားလမ်း ၊ ရထားလမ်းဆုံရာ မြန်မာနိုင်ငံ၏ အချက်အချာကျသော နေရာဒေသတွင် တည်ရှိပြီး အရှေ့ ၊ အနောက် မဲခေါင်ဒေသအတွင်း စင်္ကြန် မဟာဗျူဟာလမ်းတွင် တည်ရှိခြင်းတို့ကြောင့် လမ်းပန်းဆက်သွယ်ရေး အရသော်လည်းကောင်း ၊ ပင်လယ်ရေကြောင်းအရသော် လည်းကောင်း ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးကို ထွက်ပေါက်အနေဖြင့် အသုံးပြု နိုင်ပါသည်။ စစ်တောင်းမြစ်ဝှမ်းနှင့် နီးကပ်စွာ တည်ရှိခြင်းတို့ကြောင့် ရင်းနှီးမြုပ်နှံမှု ပြုလုပ်ရန် ကောင်းမွန်သော နေရာဒေသတွင် တစ်ခုအပါအဝင်ဖြစ်ပါသည်။ ရန်ကုန်မြို့နှင့် မိုင် ၅၀ ခန့်ကွာဝေးပြီး ကုန်စည် စီးဆင်းမှု ကောင်းမွန်သာ လမ်းကြောင်းပေါ်တွင် တည်ရှိခြင်းတို့ကြောင့် သီလဝါ အထူး စီးပွားရေးဇုန်နှင့် ဆိပ်ကမ်းသို့ သွားရောက်ရန် လွယ်ကူခြင်းတို့ကြောင့် ပဲခူးတိုင်းဒေသကြီးသည် ပြည်တွင်းပြည်ပ ရင်းနှီးမြုပ်နှံသူ လုပ်ငန်းရှင်များအဖို့ ရင်းနှီးမြုပ်နှံမှု ပြုလုပ်ရန် ကောင်းမွန်သော နေရာတစ်ခု ဖြစ်ပါသည်။
ပဲခူးတိုင်းဒေသကြီးတွင် စက်မှုလုပ်ငန်း ၊ လယ်ယာစိုက်ပျိုးရေးလုပ်ငန်း ၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း လုပ်ငန်း ၊ အခြားဝန်ဆောင်မှုလုပ်ငန်း ၊ ဟိုတယ်နှင့် ခရီးသွား ဝန်ဆောင်မှု လုပ်ငန်း ၊ စက်မှုဇုန်တည်ဆောက်ရေးလုပ်ငန်း ၊ အိမ်ရာအဆောက်အဦ တည်ဆောက် ဖွံ့ဖြိုးမှုလုပ်ငန်း ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းများတွင် ရင်းနှီးမြုပ်နှံကြပြီး ကဏ္ဍ အားဖြင့် စက်မှုကဏ္ဍ၊ လျှပ်စစ်စွမ်းအင်ကဏ္ဍ ၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ကဏ္ဍ ၊ အခြားဝန်ဆောင်မှု ကဏ္ဍများရှိသည့်အနက် စက်မှုကဏ္ဍတွင် ၂၀၂၁ ခုနှစ် ၊ ဖေဖော်ဝါရီလမှ ယနေ့အထိ အမေရိကန် ဒေါ်လာ ၇၈ သန်းကျော်နှင့် ကျပ်ငွေ သန်း ၉၀၀ဝိ-/ ကျော်ဖြင့် အများဆုံးရင်းနှီးမြုပ်နှံထားကြောင်း သိရှိရပါသည်။
၂၀၂၁ ခုနှစ် ၊ ဖေဖော်ဝါရီလမှ ယနေ့အထိ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ ၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ ၊ အခြားဝန်ဆောင်မှု ကဏ္ဍများအတွက် ရင်းနှီးမြုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၈၄သန်းကျော် စီးဝင်လာခဲ့ပြီး ကဏ္ဍပေါင်းစုံတွင် အလုပ်အကိုင်အခွင့်အလမ်းပေါင်း (၅၀၀၀)ကျော် ဖန်တီးပေးနိုင်ခဲ့ကြောင်း ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၏ ပြောကြားချက်အရ သိရှိရပါသည်။
DOCA(ပဲခူး)