ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ဓနုဖြမြို့နယ်ဦးစီးမှူး ဦးဝင်မင်းစိုးနှင့် ဝန်ထမ်းများသည် ၂၄.၁၀.၂၀၂၂ နေ့ (၁၀:၃၀)အချိန် တွင် ဓနုဖြူမြို့နယ် ရေတွင်းကုန်း ဘုန်းတော်ကြီး ကျောင်းတွင် စားသုံးသူကာကွယ်ပေးရေး အသိပညာပေး ဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင် မြို့နယ်ဦးစီးမှူး ဦးဝင်းမငိးစိုးက စားသုံးသူကာကွယ်ရေးဥပဒေ အကြောင်း၊ ရည်ရွယ်ချက်၊ မျှော်မှန်းချက်များ လုပ်ငန်းရှင်များလေးစားလိုက်နာရမည့်အချက်များ၊ ကုန်အညွှန်းအမှတ်အသားများအကြောင်းနှင့်စားသုံးသူများ ကုန်စည်ကိုဝယ်ယူရာတွင် စိတ်ကျေနပ်မှုမရှိခဲ့လျှင် စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေး စင်တာသို့လည်းကောင်း၊ Consumer Call Center 1535 သို့လည်းကောင်း၊ DOCA Myanmar Mobile App တို့ပါသော Consumer Complaint System များဖြင့်လည်း တိုင်ကြားနိုင်ကြောင်းတို့ကို အကျယ်တဝင့်ဟောပြောဆွေးနွေးခဲ့ပြီး ပြည်သူ (၁၁၅)ဦး တက်ရောက်ခဲ့ကြောင်းနှင့် တက်ရောက်လာသူများမှလည်း သိရှိလိုသည်များ မေးမြန်းကြ၍ မြို့နယ်ဦးစီးမှူးမှ ပြန်လည်ဖြေကြား ဆွေးနွေးခဲ့ ကြောင်း သတင်းရရှိပါ သည်။
DOCA(ဧရာဝတီ)