Main menu

မအူပင်မြို့နယ်တွင် စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ကျင်းပပြီးစီး

Powered by Drupal

           ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင် ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့်မအူပင်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တို့ပူးပေါင်း၍ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး Communit Center ခန်းမ၌ စားသုံးသူအသိပညာပေး Talk Showကို အောက်တိုဘာလ ၂၃ ရက်နေ့ မွန်းလွဲ ၁၃:၀၀နာရီက ကျင်းပပြုလုပ်ခဲ့ကြပါသည်။

          ထိုသို့ ကျင်းပပြုလုပ်ရာတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်သူဇာလှိုင်က ခရိုင်စားသုံးသူရေးရာဦးစီးဌာန နှင့် Talk Show ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် လုပ်ငန်းဆောင်ရွက်ချက်များ အကြောင်းကိုရှင်းလင်း ပြေားကြားပြီး၊ စားသုံးသူရေးရာဦးစီးဌာနမှလည်း စားသုံးသူများအနေဖြင့် အွန်လိုင်းမှတဆင့် ဝယ်ယူသုံးစွဲရာတွင်လိုက်နာရ မည့်အချက်များ၊ မိုဘိုင်း(သို့) အွန်လိုင်းငွေကြေးဝန်ဆောင်မှုများ အသုံးပြုရာတွင် စားသုံးသူများအနေဖြင့် သတိပြုရမည့်အချက်များ၊ စားသုံးသူများအနေဖြင့်ကုန်စည်နှင့် ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုရာတွင်လည်းကောင်း၊ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်များကြောင့် နစ်နာဆုံး ရှုံးမှုရှိပါက မအူပင်ခရိုင် စားသုံးသူရေးရာဦးစီးဌာနရှိ စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ (CICC)သို့ တိုင်ကြားနိုင်မှုနှင့် တိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် စားသုံးသူရေးရာဦးစီးဌာန ရုံးချုပ်ရှိ Website နှင့် အခြားတိုင်ကြားနိုင်သည့် နည်းလမ်းများ ဌာန၏ လက်ရှိလုပ်ဆောင်ချက်များကို ရှင်းလင်းဆွေးနွေးပြီးပါသည်။

          ဆက်လက် မေးမြန်းရာ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားများ ဆောင်ရွက်နိုင်မှု၊ ဈေးကွက်စောင့်ကြည့် စစ်ဆေးမှုများစသည့် စားသုံးသူရေးရာအသိပညာပေး အကြောင်းများကို ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)