Main menu

အသိပေးကြေညာခြင်း

Powered by Drupal

အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ ဩစတြေးလျ၊ တရုတ်၊ ကိုရီးယား၊ ဂျပန်နှင့် နယူးဇီလန်နိုင်ငံတို့ ပါဝင်သည့် ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု(Regional Comprehensive Economic Partnership-RCEP) သဘောတူစာချုပ်သည် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့မှစတင်၍ သက်ဝင်ပြီဖြစ်ပါသည်။
မြန်မာနိုင်ငံသည် ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ်အရ တရုတ်နိုင်ငံသို့ တင်ပို့မည့် မြန်မာ့ပင်ရင်းထုတ်ကုန်များ အကောက်ခွန်သက်သာခွင့်အတွက် CO Form RCEP ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနအောက်ရှိ သက်ဆိုင်ရာပို့ကုန်သွင်းကုန်ရုံးများနှင့် ကုန်သွယ်ရေးစခန်းများတွင် ၁-၁၁-၂၀၂၂ ရက်နေ့မှစတင်၍ စိစစ်ခွင့်ပြုထုတ်ပေးမည်ဖြစ်ပါသဖြင့် ပို့ကုန်လုပ်ငန်းရှင်များသည် CO Form RCEP များကို လုပ်ထုံးလုပ်နည်းနှင့်အညီ လျှောက်ထားနိုင်ပြီဖြစ်ပါသည်။
ထို့အပြင် သဘောတူစာချုပ်အရ အတည်ပြုပို့ကုန်တင်ပို့သူ (Approved Exporter)အဖြစ် လျှောက်ထားလိုသည့် ပို့ကုန်တင်ပို့သူများသည် Online CO Application System https:// onlineco. Myanmartradenet.com/ တွင် ၁-၁၁-၂၀၂၂ ရက်နေ့မှစတင်၍ လျှောက်ထားနိုင်ပြီဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

Source : ကုန်သွယ်ရေးဦးစီးဌာန