Main menu

အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးရန် ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဦးမြင့်နိုင် (ဦးစီးအရာရှိ)နှင့် အဖွဲ့သည် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများ အွန်လိုင်းမှတ်ပုံတင်ရာတွင် ဖော်ပြထားသည့်အချက်များ ကိုက်ညီမှု ရှိ/မရှိ၊ လုပ်ငန်း လိပ်စာမှန်ကန်မှု ရှိ/ မရှိတို့ကို  (၁၃.၁၁.၂၀၂၅) ရက်နေ့၊ နေ့လယ်(၁၅:၀၀)နာရီအချိန်တွင် ဇမ္ဗူသီရိမြို့နယ်၊ ကံ့ကော်အိမ်ရာ၊ အိမ်အမှတ် ၂၂  ရှိ  “Mom’s Choice   (မေ့မေ့ရွေးချယ်ရာ)” မိခင်နှင့် ကလေးအသုံးအဆောင်ပစ္စည်းများ ရောင်းချခြင်း လုပ်ငန်းသို့ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကို လိုအပ်သည်များ မေးမြန်းခြင်း၊ မြေပြင်ကွင်းဆင်းစစ်ဆေးရမည့်အချက်(၁၈)ချက်နှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်ဝတ္တရားများနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၇)ရှိ ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုနှင့် ပတ်သက်၍ လည်းကောင်း တရားမဝင်ကုန်ပစ္စည်းများ ရောင်းချမှုမရှိစေရေး အသိပညာပေးဟောပြောခဲ့‌ကြောင်း သိရှိရပါသည်။

DOCA (ပြည်ထောင်စုနယ်မြေ)