Main menu

မကွေးမြို့၊ ကန်သာစျေး၌ အခြေခံစားကုန်များ သက်သာသောစျေးဖြင့် ရောင်းချနေမှုူအား ပူးပေါင်းဆောင်ရွက်ခြင်း နှင့် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးမျိုးဝင်း (မကွေးမြို့နယ်တာဝန်ခံ)နှင့် ခရိုင်ရုံးဝန်ထမ်းများသည် (၁၉.၁၀.၂၀၂၂)ရက်နေ့ နံနက်(၁၇း၀၀) နာရီတွင် မကွေးမြို့၊ ကန်သာစျေး၌ မကွေးမြို့နယ်  COVID-19 အရေးပေါ်ပြန်လည်တုံ့ပြန်ရေးကော်မတီများနှင့် ပူးပေါင်းပြီး ပြည်သူများအား COVID-19 ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် Mask Compaign တွင် ပူးပေါင်းဆောင်ရွက်ပြီး နံနက်(၀၈း၀၀)နာရီတွင် ကန်သာစျေး၌ပင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ မကွေးတပ်နယ်မှ စားသုံးသူပြည်သူများအား သက်သာသောစျေးနှုန်းဖြင့် အခြေခံစားကုန် ဆန်၊ ဆား၊ ငပိ၊ ကြက်ဥ၊ အမဲသား၊ ကြက်သား၊ အမဲဘူး ၊ ကြက်သားအာလူးဘူး၊ မျှစ်စားတော်ပဲဘူး၊ ဂေါ်ဖီထုပ်၊ ချဉ်ပေါင်ရွက်၊ ကန်စွန်းရွက်များ ရောင်းချခြင်းနှင့် မကွေးတိုင်းဆီကုန်သည်များအသင်းမှ စားသုံးသူ ပြည်သူများအား စားအုန်းဆီ(၁)ပိဿာလျှင် ကျပ်(၄၃၀၀)နှုန်းဖြင့် ရောင်းချပေးခြင်းတွင် အဆင်ပြေ ချော့မွေ့စွာဝယ်ယူနိုင်ရေး၊ စားအုန်းဆီစျေးနှုန်းများမှန်ကန်ရေး၊ အလေးချိန်ပြည့်ဝမှန်ကန်မှု ရှိစေရေး စားအုန်းဆီဝယ်ယူရာတွင် တန်းစီစနစ်ဖြင့် စနစ်တကျရှိစေရေးတို့ကို ကြီးကြပ်ဆောင်ရွက်ခဲ့ပါသည်။

    ဆက်လက်၍ မကွေးမြို့၊ ကန်သာစျေးအတွင်း ‌ရောင်းချနေသော ကုန်စုံဆိုင်များတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA) မှ စားသုံးရန်မသင့်တားမြစ်ထားသော (ဇီးယို) နှင့်အချိုရည်(၅)မျိုးအား စျေးကွက်အတွင်း ‌‌ရောင်းချမှု ရှိ/မရှိနှင့် ‌စျေးကွက်အတွင်းရှိ ကုန်စည်များ၌ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာပါဝင်မှု ရှိ/မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

DOCA(မကွေး)