Main menu

ချောက်မြို့၊ စည်ပင်သာယာစျေး၌ စားသုံးရန်မသင့်သော စားသောက်ကုန်များ ရောင်းချမှုရှိ/မရှိ အဖွဲ့ဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

       မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးနှင့် ဒေါ်ချိုဝေလွင်တို့သည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ စည်ပင်သာယာရေးအဖွဲ့၊ စျေးတာဝန်ခံ၊ စျေးကော်မတီများဖြင့် ပူးပေါင်းပြီး (၂၀.၁၀.၂၀၂၂)ရက်နေ့ နံနက်(၁၀း၀၀)နာရီမှ (၁၁း၀၀)နာရီထိ ချောက်မြို့၊ စည်ပင် သာယာစျေးအတွင်း၌ စားသောက်ကုန် အရောင်းဆိုင်များတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန(FDA)မှ စားသုံးရန်မသင့်တားမြစ်ထားသော ဇီးယိုနှင့် အချိုရည်(၅)မျိုးတို့အား စျေးကွက်အတွင်း ရောင်းချမှုမရှိစေရေး စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ စျေးကွက်အတွင်း ရောင်းချမှုမရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

        ဆက်လက်၍ စျေးကွက်အတွင်းရှိ ကုန်စည်များတွင် စားသုံးသူကာကွယ်ရေးဥပဒေ -၂၀၁၉ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ပါဝင်မှု ရှိ/မရှိ စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

DOCA(မကွေး)