Main menu

ကလေးခရိုင်အတွင်းရှိ မြို့နယ်များတွင် ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

       ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ၊ စတုတ္ထပတ်အတွင်း ကလေးခရိုင်ဦးစီးမှူးရုံး နယ်မြေအတွင်းရှိ တမူးမြို့၊ ဖောင်းပြင်မြို့နှင့် ဟုမ္မလင်းမြို့များတွင် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် ကုန်ညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြထားခြင်း ရှိ/မရှိနှင့် စားသုံးရန်မသင့်သည့် အစားအသောက်များ ရောင်းချခြင်း ရှိ/မရှိကို စည်ပင်သာယာဈေးနှင့် ရပ်ကွက်များသို့ မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။ ထိုသို့ သွားရောက်စစ်ဆေးရာတွင်လည်း စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးရေးရာ ကော်မတီမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် ဈေးကွက်စောင့်ကြည့် စစ်ရေးရာတွင် ဦးစားပေးအမယ် ( ၇ ) မျိုးကို သတ်မှတ်ခဲ့သည့်အတွက် လူအများစုသုံးစွဲနေသည့် အမယ်များကိုအဓိကထား၍ စစ်ဆေးကာ စားသုံးရန်သင့်/မသင့်အခြေအနေများနှင့် ကုန်ညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြထားရှိမှု အခြေအနေများကို စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ လစဉ် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။ ထို့အတူ တမူးမြို့၊ စည်ပင်သာယာဈေးတွင် အသင့်စားပဲငပိ၊ ဖောင်းပြင်မြို့တွင် အချိုရည်များနှင့် သွားတိုက်ဆေးများကို သွားရောက်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)