စစ်ကိုင်းတိုင်းဒေသကြီး ၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင် ၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟို ( Community Center)ခန်းမ၌(၂၆.၁၀.၂၀၂၂) ရက်နေ့ ၊ နေ့လယ် ( ၁၃ : ၀၀) နာရီအချိန်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show ကျင်းပ ပြုလုပ်ခဲ့ပါသည်။ စားသုံးသူရေးရာဦးစီးဌာန ၊ ခရိုင်ဦးစီးမှူး ဒေါ်ဇင်မာဦး က စားသုံးသူအခွင့်အရေးများ အပြည့်အဝ ရရှိစေရန်နှင့် တိကျမှန်ကန်ရှင်းလင်းသော သတင်းအချက်အလက်များ သိရှိစေရန် ၊ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး ၊ စိတ်ကျေနပ်မှုရှိစေရေးအတွက် အာမခံချက်ပေး နိုင်သည့် အရည်အသွေးမြင့်မားသော ကုန်စည် ၊ ဝန်ဆောင်မှုများ ဖော်ဆောင်ဖြည့်ဆည်း ပေးနိုင်စေရေးနှင့် စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေး ဥပဒေအားသိရှိ လိုက်နာဆောင်ရွက်ရန်၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ စားသုံးသူ၏ အခွင့်အရေး (၈)ချက်နှင့် တာဝန်(၄)ချက်အား ရှင်းလင်းခြင်း ၊ စာသုံးသူများအနေဖြင့် ကုန်စည်နှင့် ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုခြင်းကြောင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ် လာပါက စားသုံးသူများအနေဖြင့် သက်ဆိုင်ရာ ခရိုင်/မြို့နယ်များ ရှိ စားသုံးသူရေးရာဦးစီးဌာနရဲ့ (Consumer Information and Complaint Center) CICC ၊ စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာမှာ လူကိုယ်တိုင်သော်လည်းကောင်း၊ တယ်လီဖုန်းဖြင့် သော်လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန Website ဖြစ်တဲ့ ( www.doca.gov.mm ) (Complaint System)၊Mobile Application ဖြစ်သည့် (Doca Myanmar) app ၊Consumer Call Center (1535)သို့ဆက်သွယ်၍ သော်လည်းကောင်း၊ ထို့အပြင် ACCP Website (ASEAN Cross-border Complaint)စသည့်တို့ကို ဆက်သွယ်ပြီးတိုင်ကြားနိုင်ကြောင်း အသိပညာပေးဆွေးနွေးခြင်း များဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။
DOCA(စစ်ကိုင်း)