စားသုံးသူရေးရာဦးစီးဌာန ၊ လားရှိုးမြို့ ၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချမှုရှိစေရေးတို့အတွက် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်းများကို ခရိုင်၊ မြို့နယ်များအလိုက်ဆောင် ရွက်လျက်ရှိပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် ၂၀၂၂ခုနှစ်၊ အောက်တိုဘာလအတွင်း ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ လားရှိုးမြို့ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ လည်းကောင်း၊ မူဆယ်ခရိုင်ဦးစီးမှူးရုံးမှ တရားမဝင်ကုန်သွယ် မှုတိုက်ဖျက်ရေး(ဆင့်ပွား)သင်တန်း၌ လည်းကောင်း၊ သီပေါမြို့နယ်တာဝန်ခံရုံးမှ အိုအေစစ် ဘော်ဒါဆောင်တို့တွင်လည်းကောင်း စားသုံးသူအခွင့်အရေးနှင့်ကုန်အညွှန်းအမှတ်အသားဆိုင်ရာအကြောင်းအရာများအား အသီးသီးအသိပညာပေးဆွေးနွေးဟောပြောခဲ့ကြကြောင်း သိရှိရပါသည်။
DOCA(ရှမ်း)