Main menu

တမူးနယ်စပ်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်မှုအခြေအနေ

Powered by Drupal

        တမူးနယ်စပ်ကုန်သွယ်ရေးစခန်းအနေဖြင့်  ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် ကုန်သွယ်မှုလျာ ထားချက်မှာပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာသန်းပေါင်း(၇၀.၀၀၀)၊ သွင်းကုန်ပမာဏ အမေရိကန် ဒေါ်လာသန်းပေါင်း(၃.၀၀၀)၊  စုစုပေါင်း ကုန်သွယ်မှုပမာဏ ကျပ်သန်း(၇၃.၀၀၀)ဖြစ်ပါသည်။ တမူး နယ်စပ်ကုန်သွယ်ရေးစခန်းမှ အိန္ဒိယနိုင်ငံသို့  ကုန်သွယ်မှုအနေဖြင့် ၂၀၂၂ခုနှစ်၊ ဧပြီလမှ စက်တင် ဘာလအထိ (6)လတာကာလအတွင်း ပို့ကုန် ပမာဏအမေရိကန်ဒေါ်လာသန်း(၅.၈၃၉)၊ သွင်းကုန် ပမာဏအမေရိကန်ဒေါ်လာသန်း(၃.၃၉၈)၊ စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာသန်း (၉.၂၃၇)ဆောင်ရွက်နိုင်ခဲ့ပါသည်။   အောက်တိုဘာလ(၁)ရက်နေ့မှ (၂၈)ရက်နေ့အထိ ပို့ကုန်ပမာဏ အမေရိကန် ဒေါ်လာသန်း(၀.၃၂၆)၊ သွင်းကုန်ပမာဏ အမေရိကန်ဒေါ်လာသန်း(၀.၃၁၅) စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာသန်း (၀.၆၄၁)ဆောင်ရွက်နိုင်ခဲ့သည့်အတွက် (၇)လတာ ကာလအတွင်း စုစုပေါင်း ပို့ကုန်ပမာဏ အမေရိကန် ဒေါ်လာသန်း (၆.၁၆၅)၊ သွင်းကုန် ပမာဏ အမေရိကန် ဒေါ်လာသန်း(၃.၇၁၃)၊ ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာသန်း (၉.၈၇၈)ဖြစ်၍ (၁)နှစ်စာ လျာထားချက်အပေါ် (၁၃.၅၃)% ဆောင်ရွက်နိုင်ခဲ့ပြီး၊ ဧပြီလမှ အောက်တိုဘာလထိ (၇)လတာ လျာထားချက်အပေါ် (၂၈.၄၃)% ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ကြောင်း တမူးနယ်စပ်ကုန်သွယ် ရေးစခန်း၏ စာရင်းများအရ သိရပါသည်။

       အများဆုံးပို့ကုန်များအနေဖြင့် ကွမ်းသီး၊ မက်မန်းသီး၊ နန့်ဖာလုံကုန်စုံ၊ စီးကရက်၊ ဖိနပ်၊ ငရုတ်ကောင်း၊ သရက်သီးနှင့် အုန်းသီးတို့ ဖြစ်ပြီး သွင်းကုန်များအနေဖြင့် ဂျုံ၊ ဓါတ်မြေဩဇာ၊ ဆံပင်၊ စာရေးကိရိယာ၊ ဇီယာစေ့နှင့် ချွတ်ဆေးတို့ ဖြစ်ကြောင်း သိရပါသည်။

       တမူးကုန်သွယ်ရေးစခန်းအနေဖြင့် ကုန်သွယ်ရေးဦးစီးဌာန(ရုံးချုပ်)၏ ညွှန်ကြားချက်များနှင့် အညီ ကုန်သွယ်မှုတွင် ကြုံတွေနေရသော အခက်အခဲများအား ကုန်သွယ်ရေးဦးစီးဌာန(ရုံးချုပ်)တို့ အချိန်နှင့်တပြေးညီတင်ပြခြင်း၊ ဒေသအာဏာပိုင်အဖွဲ့အစည်းများ၊ ဆက်စပ်ဌာနဆိုင်ရာများ၊ OSS ဌာနဆိုင်ရာများ၊ ကုန်သည်အသင်းအဖွဲ့များ၊ ကုမ္ပဏီလုပ်ငန်းများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခြင်းများဖြင့် ကုန်သွယ်မှု လျှင်မြန်ချောမွေ့စေရေးနှင့် ကုန်သွယ်မှုလျာထားချက် ပြည့်မှီစေရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။  

DOCA(စစ်ကိုင်း)