၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၂၈)ရက်နေ့ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် မကွေးတိုင်း ဒေသကြီး ၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ (၄/ ၂၀၂၂) ကြိမ်မြောက် တိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့ရာ တိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ စုစုပေါင်း (၁၄)ဦး တက်ရောက်ခဲ့ကြပါသည်။
အဆိုပါအစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီ ဥက္ကဌကအဖွင့် အမှာ စကားပြောကြားပြီး အတွင်းရေးမှူးမှ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လနှင့် စက်တင်ဘာလအတွင်း စားသုံးသူကာကွယ်ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်ခဲ့မှု အခြေအနေများနှင့် (၃/၂၀၂၂)ကြိမ်မြောက် အစည်း အဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်၍ ဦးစီးအရာရှိ ဒေါ်အေးမဉ္ဇူခိုင်မှ အမှာစာများအား ဖတ်ကြားခဲ့ပြီး တက်ရောက်လာသော အဖွဲ့ဝင်များမှ ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြကာ ဆွေးနွေးတင်ပြချက်များအပေါ် ဆုံးဖြတ်ချက်များ ရယူခဲ့ကြပါသည်။ ထို့နောက် ကော်မတီဥက္ကဌမှ နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ညနေ (၁၅:၃၀)နာရီ အချိန်တွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါကြောင်း သတင်းရရှိပါသည်။
DOCA(မကွေး)